ပြင်ပရွှေစျေး ၆၉ သိန်းအောက်မှာ ဆက်ရှိနေတဲ့ ယနေ့ ရွှေစျေးများ (ဩဂုတ် ၄)

အမေရိကန် ဒေါ်လာစျေး အနည်းငယ် ကျဆင်းခြင်းကြောင့် ကမ္ဘာ့ရွှေနဲ့ ဒေါ်လာစျေးကို အခြေခံ တွက်ချက်တဲ့ ပြင်ပရွှေစျေး ကျဆင်းမှုရှိပါတယ်။

ဈေးကစားသူတွေကြောင့် ရွှေဈေးနှုန်းမြင့်တက်နေရတာဖြစ်ပြီး ထွက်ပေါ်နေတဲ့ ပြင်ပပေါက်စျေးဖြင့် ဘယ်သူမှ အရောင်းအဝယ်မလုပ်ကြဘူးလို့ YGEA တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဩဂုတ်လ ၄ ရက်၊ တနင်္ဂနွေနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၄၁ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၇၆၄၃၉၃ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၆၈၇၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၆၆၇၀၀၀၀ ကျပ်