ကြိုက်ရောင်း ကြိုက်ဝယ်စျေးကွက်ဖြစ်နေပြီး သိန်း ၈၀ ကျော်နေတဲ့ ယနေ့ ပြည်တွင်းရွှေစျေး (ဩဂုတ် ၁၄)

ယနေ့မှာ ကမ္ဘာ့ရွှေစျေး အားကောင်းနေသလိုပဲ ရွှေအသင်းရဲ့ ရည်ညွှန်းစျေးကလည်း လိုက်တက်လာပါတယ်။

အခြေအနေဆိုးရွားနေတာက ပြင်ပပေါက်စျေးဖြစ်ပြီး ကြိုက်ရောင်းကြိုက်ဝယ် စျေးတန်းဟာ အခေါက်ရွှေ ၁ ကျပ်သားကို ၈၃ သိန်းဝန်းကျင်ထိ စျေးခေါ်နေကြပါတယ်။ လက်တလောမှာ ဒီစျေးတန်းနဲ့ ဘယ်သူမှ အထည်တွေ ပြန်မဝယ်ပေးသလို အတုံးအခဲတွေကိုလည်း အဲ့စျေး မပေးဘူးလို့ သိရပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဩဂုတ်လ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၆၅ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၈၀၀၄၇၉ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၈၃၀၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၇၈၀၀၀၀၀ ကျပ်