အတက်အကျ များနိုင်လို့ စျေးခွာကြမ်းနေတဲ့ ယနေ့ ပြည်တွင်းရွှေစျေး (ဩဂုတ် ၁၅)

ဒေါ်လာစျေး ကျဆင်းလာမှုနဲ့အတူ ပြည်တွင်းရွှေစျေး ပြန်ကျလာပေမယ့် ကြိုက်ရောင်းကြိုက်ဝယ်ကလွဲလို့ အရောင်းအဝယ် မရှိတဲ့ အခြေအနေဖြစ်ပါတယ်။ တက်စျေးနဲ့ကျစျေး ကာမိအောင် စျေးခွာကြမ်းနေတာကို သတိပြုရပါမယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဩဂုတ်လ ၁၅ ရက်၊ ကြာသပတေးနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၅၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၇၈၂၂၂၃ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၇၉၀၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၇၄၃၀၀၀၀ ကျပ်