ပြင်ပပေါက်စျေး ကျပ် ၃ သိန်းဝန်းကျင် ထိုးကျပြီး ရွှေအသင်းစျေး သိန်း ၅၀ ကပ်လာတဲ့ ယနေ့ ရွှေစျေးများ (ဩဂုတ် ၂၁)

ကမ္ဘာ့ရွှေတက်လာနေဆဲဖြစ်သလို ရွှေအသင်းရဲ့ ရည်ညွှန်းစျေးလည်း ထပ်တက်လာပြီး အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် သိန်း ၅၀ နီးနီးရောက်လာနေပါပြီ။

စျေးကွက်မှာ အလုပ်လုပ်နေတဲ့ ပြင်ပပေါက်စျေးကတော့ ဆက်တိုက် ကျဆင်းလာနေကာ မနေ့ကထက် ကျပ် ၃ သိန်းလောက် ကျဆင်းသွားပါတယ်။ ဒါပေမယ့် ရောင်းစျေး ဝယ်စျေး ခွာမှုတွေက များပြားနေဆဲဖြစ်ပြီး မီလင်းရွှေ ၁ ကျပ်သားကို ကျပ် ၂ သိန်းကနေ ၄-၅ သိန်းထိ ခွာပြီး ပြန်ဝယ်နေကြဆဲပါ။

လက်ရှိ အချိန်ဟာ အဝယ်ရှုံးကာလဖြစ်သလို စျေးကွက်ပွင့်လင်းမှုက အားနည်းဆဲဖြစ်တာမို့ သတိထား ဝယ်ယူကြဖို့ ဝါရင့် ရွှေလုပ်ငန်းရှင်တွေက သတိပေးနေကြပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဩဂုတ်လ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၅၂၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၉၄၈၈၇၆ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၇၄၀၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၆၉၆၄၀၀၀ ကျပ်