ရည်ညွှန်းစျေး တက်လာပေမယ့် ပြင်ပပေါက်စျေးနဲ့ သိန်း ၂၀ ကျော် ကွာနေဆဲ ပြည်တွင်းရွှေစျေး (ဩဂုတ် ၂၂)

ရွှေအသင်းရဲ့ ရည်ညွှန်းစျေးတွေ သီတင်းပတ် တပတ်ကျော်အတွင်း ကျပ် ၂ သိန်းဝန်းကျင် တိုးမြှင့်လာသော်လည်း ပြင်ပပေါက်ဈေးနဲ့တော့ သိန်း ၂၀ ကျော် ကွာနေပါသေးတယ်။ ဒီကနေ့မှာတော့ ရည်ညွှန်းစျေး အနည်းငယ် ပြန်ကျခဲ့ပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဩဂုတ်လ ၂၂ ရက်၊ ကြာသပတေးနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၅၀၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၉၀၉၇၀၈ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၇၄၀၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၆၉၆၄၀၀၀ ကျပ်