မြက်ခင်းစိမ်းတွေကို ကျောခိုင်းတော့မယ့် စီးတီးနဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ဂျိုးဟတ်

စီးတီးနဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမားဟောင်းကြီး ဖြစ်တဲ့ လက်ရှိ ဆဲလ်တစ် ဂိုးသမားဂျိုးဟတ်က ရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူတော့မှာ ဖြစ်ကြောင်း ကြေညာလာပါတယ်။

အသက် ၃၆ နှစ်ရှိ မန်စီးတီးနှင့် အင်္ဂလန်ဂိုးသမားဟောင်းဟာ ဆဲလ်တစ်တွင် ကစားတဲ့ တတိယမြောက်ရာသီအကုန်မှာ အနားယူလာမှာလည်း ဖြစ်ပါတယ်။

ဆဲလ်တစ် နည်းပြ ဘရန်ဒန်ရော်ဂျာက အင်္ဂလန်အတွက် ၇၅ ပွဲကစားလာခဲ့တဲ့ ဂျိုးဟတ်မှာ ဘောလုံးပွဲကို လွမ်းနေတော့မှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဂျိုးဟတ်ဟာ မန်စီးတီး၊ ဆဲလ်တစ်တို့နှင့်အတူ ဆုဖလား ၆ ကြိမ် ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။

ဂျိုးဟတ်ဟာ ကစားသမားဘဝအတွင်းတွင် ကလပ်ပွဲ ၆၉၀ ပွဲကစားလာသူဖြစ်ပြီး ရှောဘူရီ၊ ထရန်းမီး၊ ဘလက်ပူးလ်၊ ဘာမင်ဂမ်၊ တိုရီနို၊ ဘန်လေ၊ စပါးစ်တို့တွင်လည်း ကစားခဲ့ဖူးပါတယ်။

သူဟာ အင်္ဂလန်အသင်းရဲ့ ၂၀၁၀ မှ ၂၀၁၆ ခုနှစ်အထိ အဓိက နိုင်ငံတကာပြိုင်ပွဲကြီးလေးခုတွင် နိုင်ငံတကာပြိုင်ပွဲကြီး ၄ ခု ဆင်နွဲခဲ့သူလည်း ဖြစ်ပါတယ်။