မန်ယူကို အရုပ်ကလေးလို ဆော့ကစားသွားတဲ့ ပွဲမှာ အားလုံး အသိအမှတ်ပြုရမယ့် စီးတီး ကစားသမား

ယူနိုက်တက်ကို ၃-၁ နဲ့အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးအတွက် အရေးပါတဲ့ ဂိုး ၂ ဂိုးကို သွင်းယူပြီး တောက်ပတဲ့ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ ဖိုဒန်ကို ယူနိုက်တက် ဂန္ထဝင်ကစားသမားဟောင်း ရွိုင်ကိန်းက ချီးကျူးပြာဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ပွဲအပြီးမှာ ရွိုင်ကိန်းက ဖိုဒန်ဟာ ခြေစွမ်းကောင်းကို ဆက်တိုက် ထိန်းသိမ်းထားနိုင်တာကြောင့် အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်အနေနဲ့ စီးတီး ကြယ်ပွင့်ကို သေချာပေါက် နေရာပေးဖို့ လိုအပ်မယ်လို့ သတိပေးပါတယ်။

ကစားသမားဟောင်းက “ဒီနေ့ပွဲမှာ ကျွန်တော် ယူနိုက်တက်အပေါ် မျှော်လင့်ချက်အများကြီးမထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မန်စီးတီးက အတော်ကောင်းနေလို့ပါ။ သူတို့က ဘာကြောင့် ချန်ပီယံဖြစ်နေတာလဲဆိုတာကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

အထူးသဖြင့် ဖိုဒန်က အတော်လေးကောင်းပါတယ်။ မယုံနိုင်စရာကစားသမားပါ။ စီးတီးက ယူနိုက်တက်ကို အရုပ်တစ်ရုပ်လို ကစားခဲ့ပါတယ်။ မန်စီးတီးနဲ့ကစားရင် ပုန်းရှောင်နေလို့မရပါဘူး။

ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ ဒီလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကစားသမားတွေ ရှိနေတာ အားရစရာပါ။ ဒါပေမယ့် ဖိုဒန်ကိုတော့ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှာ ထည့်ထားရပါမယ်။

ဒီနေ့ပွဲမှာ သူလုပ်ပြသွားတာတွေကိုကြည့်ပါ။ ကျွန်တော့်အတွက်တော့ ဒီကောင်လေးက အသင်းအတွက် အဓိက ကစားသမားပါပဲ။ သူ အင်္ဂလန်အသင်းမှာ ပါရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။