အာဆင်နယ်က အီတီဟတ်မှာ မန်စီးတီးကို ဘယ်နှဂိုးနဲ့ နိုင်မလဲ အပိုင် သုံးသပ်ချက် ထုတ်သွားတဲ့ ဖာဘရီဂတ်စ်
အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ် က ဒီအပတ် အီတီဟတ်မှာ မန်စီးတီးနဲ့ အာဆင်နယ် တို့ ထိပ်တိုက်တွေ့ချိန် သူ့ အသင်းဟောင်း အာဆင်နယ်က နိုင်သွားမယ် လို့ ခန့်မှန်း သုံးသပ်လိုက်ပါတယ်။
မန်စီးတီးနဲ့ အာဆင်နယ်တိုထိပ်တိုက်တွေ့ဆုံမှုကို အကြိုကြည့်ရှုရင်း ဖာဘရီဂတ်စ် က မန်စီးတီးအသင်းရဲ့ ဒဏ်ရာပြဿနာများနဲ့ ဂလူတွေ ထင်တာထက် အာဆင်နယ်က ပို တစ်ဆင့်မြင့်တယ်ဆိုတာကို ယုံကြည်ပြီး လာမည့်စူပါဆန်းဒေးပွဲကို ခုလို ခန့်မှန်းသွားခဲ့ပါတယ်။
ဖာဘရီဂတ်စ်က “အာဆင်နယ်ဟာ ဒီနှစ်နှစ်ခု သုံးခု ထပ်တိုးလာလို့ မနှစ်ကထက် တိုးတက်လာတယ်လို့ ထင်ပါတယ်။ သူတို့က ပိုခိုင်မာပုံရပြီး ပိုရင့်ကျက်ပုံရှိလာတယ်။
တန်ပြန်တိုက်စစ်၊ ဘောလုံးကို ထိန်းသိမ်းဖို့၊ အမြင့်ဘောလုံးတွေကို ကာကွယ်ဖို၊ ခံစစ်ကို နက်ရှိုင်းစွာကာကွယ်မှုတွေမှာ တိုးတက်လာပါတယ်။ ဂန်းနားတို့ဟာ ယခု မတူညီ ကစားပုံကွဲတဲ့ ပြိုင်ဘက်များစွာကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အလွန်ပြီးပြည့်စုံသော အသင်းဖြစ်နေပါပြီ”
မန်စီးတီးကို အနိုင်ယူဖို့ ဘာတွေလိုအပ်လဲဆိုတာ သူတို့သိထားပြီးသားဆိုတော့ ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာမှာဖြစ်ပြီး အထူးသဖြင့် ဒီအချိန်မှာ သူတို့ဘယ်ရောက်နေလဲဆိုတာကို ပြသဖို့က အာဆင်နယ်အတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်မှာ သေချာပါတယ်။
ဒါပေမယ့် ဂန်းနားတို့က လူတိုင်းထင်တာထက် ခြေလှမ်းပိုမြင့်နေလို့ လူတွေ အံ့အားသင့်ကြလိမ့်မယ် ထင်ပါတယ်။
“ကျွန်တော် လက်တွေ့ကျကျတွေးပြီး ကျွန်တော်မြင်တွေ့နေရတဲ့ ခံစားချက်နဲ့ အသင်းနှစ်သင်းလုံးဆီက ခံယူချက်နဲ့ ဒဏ်ရာတွေနဲ့ သံသယတွေကနေ ထွက်လာတဲ့သတင်းတွေကို အခြေခံပြီး အာဆင်နယ်က ဒီပွဲကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်သွားမယ်လို့ ခန့်မှန်းချက်ထုတ်ချင်ပါတယ်” လို့ ခန့်မှန်းသုံးသပ်ပြောသွားခဲ့ပါတယ်။
