လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဓါတ်ပုံနဲ့ပတ်သက်လို့ ဖြေရှင်းပေးခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်း

လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ပုံကြောင့် သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ပရိသတ်တွေကို မစိုးရိမ်ကြဖို့ ပြောလာတဲ့ ဂျက်ကီချမ်း

မကြာသေးခင်က ပွဲတစ်ခုအတွင်း မုတ်ဆိတ်မွေးဖြူတွေ၊ ဆံပင်ဖြူတွေနဲ့ဖြစ်နေတဲ့မင်းသားကြီးဂျက်ကီချမ်းရဲ့ပုံတွေဟာ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပါတယ်။ အခုလို မင်းသားကြီးဂျက်ကီချမ်းရဲ့အသွင်အပြင်ကို ပရိသတ်တွေမြင်တော့ သူ့ရဲ့ကျန်းမာရေးကို စိုးရိမ်နေကြတာပါ။

ဂျက်ကီချမ်းကတော့ သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ပရိသတ်တွေကို မစိုးရိမ်ကြဖို့နဲ့ ရုပ်ရှင်ကားအသစ်အတွက် ဇာတ်ရုပ်အသွင်အပြင်တစ်ခုသာဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဂျက်ကီချမ်းက သူ့ရဲ့အသက် ၇၀ ပြည့်မွေးနေ့နဲ့ပတ်သက်ပြီး အင်စတာဂရမ်မှာ ရေးသားရင်းနဲ့ ပရိသတ်တွေကို သူ့ရဲ့အသွင်အပြင်နဲ့ပတ်သက်ပြီး ရှင်းပြလာခဲ့တာပါ။

ဂျက်ကီချမ်းက “လူတိုင်းသိအောင် ပြောပြချင်ပါတယ်။ မစိုးရိမ်ကြပါနဲ့။ ကျွန်တော့်ရဲ့ဇာတ်ကားအသစ်အတွက် ဇာတ်ကောင်အသွင်အပြင်တစ်ခုပါပဲ။ ဒီဇာတ်ကောင်က ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနဲ့ အိုမင်းရင့်ရော်နေတဲ့ပုံဖြစ်ရပါမယ်” လို့ ရှင်းပြခဲ့ပါတယ်။

“နှစ်တွေကြာလာတာနဲ့အမျှ ဇာတ်ကားတစ်ကားအတွက် စိန်ခေါ်မှုများတဲ့စတန့်ပဲဖြစ်ဖြစ် ဇာတ်ကောင်ပဲဖြစ်ဖြစ် အသစ်သစ်တွေကို အမြဲကြိုးစားကြည့်ချင်စိတ်ရှိပါတယ်”လို့ သူက ဆက်ပြီးပြောခဲ့ပါတယ်။

ဂျက်ကီချမ်းဟာ အနုပညာနယ်ပယ်မှာ ၆၂ နှစ်ကြာခဲ့ပြီးဖြစ်ကာ ဒီနောက်ပိုင်းမှာတော့ အသက်အရွယ်အရ စတန့်တွေထက် အခြားသော ဇာတ်ရုပ်တွေကို ပိုမို အားထည့် သရုပ်ဆောင်လာတာဖြစ်ပါတယ်။