ဒီည မန်စီးတီး – ဝုဗ် ပွဲက ဘယ်လို ရလဒ် ထွက်လာမလဲ ကြိုတင်ဟောကိန်းထုတ်တဲ့ ဘီဘီစီ ဆရာကြီး ခရစ်ဆက်တန်

မန်စီးတီး အသင်းကတော့ ဒီည ပရီးမီးယားလိဂ်မှာ ဝုဗ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ ဒီ စနေနေ့ ည ၁၁ နာရီ အချိန်မှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က မန်စီးတီး – ဝုဗ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ချန်ပီယံလိဂ်မှာ မရှိတော့တာက မန်စီးတီးကို ပရီးမီးယားလိဂ်ပွဲ အာရုံစိုက်စေဖို့ အကူအညီဖြစ်စေပါတယ်။ အခုဆိုရင် သူတို့က ဒီပွဲကိုပဲ အပြည့်အဝ အာရုံနေပါတယ်။

နည်းပြ ဂွာဒီယိုလာကတော့ သူ့ကစားသမားတွေ ပင်ပန်းနေကြောင်း ပြောထားပါတယ်။

စက်တင်ဘာတုန်းက ဝုဗ်ဟာ မန်စီးတီးကို အနိုင်ရခဲ့တယ်။ ဒါပေမယ့် အဲ့လိုမျိုး ထပ်ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဝုဗ်အသင်းရဲ့ စွမ်းဆောင်ရည်တွေက ကျဆင်းနေတာမို့ မန်စီးတီးကပဲ သက်တောင့်သက်သာ အနိုင်ရသွားမှာ ဖြစ်ပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

မန်ချက်စတာ စီးတီး ၃-ဝ ဝုဗ် ဖြစ်ပါတယ်။