ဒီလထဲ စတင် ကျောင်းအပ်တော့မယ့် ပညာသင်နှစ်အသစ်အတွက် သတိပေးချက် ထုတ်ပြန်
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၄ ခုနှစ် မေလ (၂၃) ရက် မှ ဇွန်လ (၂) ရက်အထိ သတ်မှတ်ထားကြောင်း ပညာရေး ဝန်ကြီးဌာနမှ ဆိုပါတယ်။
(၅) နှစ်အရွယ်ကလေးများကို KGတန်းနှင့် (၆)နှစ် အရွယ် ကလေးများကို Grade-1 အတန်းသို့ အပ်နှံရမယ်လို့ သိရတယ်။
ကျောင်းအပ်နှံရာတွင် အဆင်ပြေစေရန် ရည်ရွယ်ပြီး ကျောင်းအုပ်၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်း၊အမှုထမ်း၊ အရာထမ်းများ လိုက်နာရမည့်အချက်များကိုလည်း ဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားပါတယ်။
ကျောင်းအပ်လက်ခံရာတွင် ကျောင်းအပ်ခငွေကြေး၊ အခကြေးငွေမယူရန်၊ ငွေကြေးနှင့်လက် ဆောင်ပစ္စည်းမယူရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ် အခြားမည်သည့်ပစ္စည်းမှ မရောင်းရန် သတ်မှတ်ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဂိမ်းစွဲလမ်းမှုမရှိအောင်နှင့် မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာများ မသုံးစွဲအောင် မိဘ၊ ဆရာပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း ပညာရေး ဝန်ကြီးဌာနမှ အသိပေးချက် ထုတ်ပြန်ထားပါတယ်။
