ဂျပန်ဖိုက်တာကို အသာစီးထိုးပြီး One မှာ နိုင်ပွဲပြန်ယူတဲ့ ထွန်းမင်းနိုင်
May 19, 2024 | No Comments
မေလ ၁၇ရက်နေ့ညမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ One Friday Fights63 မှာ မြန်မာဖိုက်တာ ထွန်းမင်းနိုင်က ဂျပန်ဖိုက်တာ တိုမိုကီဆာတိုကို အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ညီ ဆူလမန်(ခေါ်) ထွန်းမင်းနိုင်ဟာ ဂျပန်ဖိုက်တာကို ကန်ချက်တွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ကာ အသာစီးထိုးသတ်နိုင်ခဲ့လို့ ဒိုင်အားလုံးကို ထွန်းမင်းနိုင်ကို အနိုင်ပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ထွန်းမင်းနိုင်ဟာ One Championship မှာ ၆ပွဲထိုးသတ်ထားပြီး ၄ ပွဲနိုင် ၂ ပွဲရှုံးထားကာ ရှုံးပွဲ ၂ပွဲက မလေးရှားမွေထိုင်းဖိုက်တာ Kabilan တစ်ဦးတည်းကိုပဲ ရှုံးထားတာဖြစ်ပါတယ်။
ဂျပန်ဖိုက်တာ Tomoki Sato အနေဖြင့်လည်း ONE တွင် တစ်ပွဲထိုးထားပြီး အမှတ်ဖြင့် အနိုင်ရရှိထားသူတစ်ဦးဖြစ်သည်။
