မန်စီးတီး အသင်းနဲ့ အတူ နောက်ရာသီ ဆက်ရှိမလား ထုတ်ဖော် ပြောဆိုလိုက်တဲ့ နည်းပြ ပက် ဂွါဒီယိုလာ
မန်စီးတီး နည်းပြ ဂွါဒီယိုလာဟာ လာမယ့် ဘောလုံးရာသီကျရင်လည်း မန်စီးတီးအသင်းမှာပဲ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
စပိန်သား နည်းပြဟာ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ အသင်းနဲ့အတူ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေသူပါ။
ဒါကြောင့် ဘာစီလိုနာ နည်းပြဟောင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သို့လောသို့လော သတင်းတွေ အများ ကြီး ထွက်ခဲ့တာ ရှိပါတယ်။
ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့ ဂွါဒီယိုလာရဲ့ အနာဂတ် ဟာ ခန့်မှန်းလို့ရတဲ့ အနေအထားတစ်ခုကို ရောက်လာပြီဖြစ်သလို အီတလီ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုကလည်း အတည်ပြု ထုတ်ပြန်တာမျိုး ရှိလာပြီဖြစ်ပါတယ်။

” ဟုတ်ပါတယ်။ ကျွန်တော့်မှာ စာချုပ်တစ်ရပ် ရှိပြီး ကျွန်တော် ဒီမှာ ဆက်ရှိချင်ပါတယ်။ ကျွန်တော့်ရဲ့ အစီအစဉ်ကတော့ လာမယ့် ရာသီ ဒီမှာ ဆက်ရှိနေဖို့ပါ။ ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ” လို့ ဂွါဒီယိုလာက ပြောခဲ့တဲ့ အကြောင်းကို ရိုမာနိုက သူ့ရဲ့ တွစ်တာ စာမျက်နှာက နေတစ်ဆင့် သတင်းထုတ်ပြန်ခဲ့တာပါ။
နောက်ပြီး ဂွါဒီယိုလာဟာ လာမယ့် နွေရာသီမှာ မန်စီးတီးအသင်းကို ကျောခိုင်းသွားမှာ မဟုတ်ဘူး လို့ စပိန်အခြေစိုက် သတင်းဌာနတစ် ခုဖြစ်တဲ့ Football Espana က ရေးပါတယ်။
စီးတီးနဲ့ ဂွါဒီယိုလာတို့ဟာ ၂၀၂၅ ခုနှစ်ကို ကျော်ပြီး သက်တမ်းတိုးနိုင်ဖို့အတွက် စကားပြောနေတာ ကြာပြီဖြစ်ပေမဲ့လည်း လက်ရှိ အချိန်အထိ သဘောတူညီမှု မရသေးပါဘူး။
ဒါပေမဲ့ လက်ရှိမှာ စာချုပ်သက်တမ်း တိုးဖို့ အတွက် ဆွေးနွေးတာမျိုးတွေ ရှိတယ်ဆိုတာကိုတော့ စပိန်သားနည်းပြကိုယ်တိုင် ထုတ် ပြောထားတာမျိုး ရှိပါတယ်။
အသက် ၅၃ နှစ်အရွယ် ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မှာ မန်စီးတီးကို ရောက်လာပြီးတဲ့နောက် ပရီးမီးယားလိဂ်ပြိုင်ပွဲကို မင်းမူ စိုးမိုးနိုင်တဲ့ နည်း ပြဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့
မန်စီးတီးအသင်းသမိုင်းတစ်လျှောက် ချန်ပီ ယံလိဂ် ဖလားကို ပထမဆုံး အကြိမ် ယူပေးနိုင်ခဲ့သလို တစ်ရာသီအတွင်း သမိုင်းဝင် ဖလား ၃ လုံး အောင်ပွဲကိုလည်း ယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။
ဒီည ပရီမီးယားလိဂ် ရာသီသိမ်းပွဲမတိုင်ခင် နောက်ဆုံး အင်တာဗျူးအစီအစဉ်မှာ ဂွါဒီယိုလာက အမှတ်ပေးပြိုင်ပွဲကို မန်စီးတီး လွှမ်းမိုးနေတာက ပရီးမီးယားလိဂ်ကို စိတ်ဝင်စားမှု ကျဆင်းစေတယ်ဆိုပြီး စွပ်စွဲပြောဆိုနေတာက မှားယွင်းတဲ့ကိစ္စသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အသင်းက ပြိုင်ဘက်တွေကို ရမှတ်(၂၀)လောက်ဖြတ်ပြီး ချန်ပီယံဖြစ်နေတာမျိုးမဟုတ်ခဲ့သလို အသင်းတိုင်းက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အခြေအနေမှာရှိနေပြီး ဆုဖလားကိုင်မြှောက်နိုင်ဖို့ တူညီတဲ့အခွင့်အရေးသာရှိခဲ့တယ်လို့လည်း သူ့ရဲ့အမြင်ကို ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
ဒီရာသီမှာလည်း အာဆင်နယ်၊ လီဗာပူးလ်အသင်းတွေက ပရီးမီးယားလိဂ်ဖလားကို ရနိုင်နေတာပါပဲ ဆိုပြီးတော့လည်း မန်စီးတီးရဲ့ ချန်ပီယံဖြစ်ခွင့်က လွယ်လွယ်နဲ့ရနေတာ မဟုတ်ကြောင့် အင်တာဗျူး အစီအစဉ်မှာ ဂွါဒီယိုလာကပြောခဲ့ပါတယ်။
