ပြည်တွင်းရွှေစျေးကို ၄၈ သိန်း ဝန်းကျင်မှ အရောင်းအဝယ် ပြုလုပ်ဖို့ ရွှေအသင်း အသိပေး
June 4, 2024 | No Comments
၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်အတွက် ရွှေဆိုင်များနှင့် ရွှေလုပ်ငန်းရှင်များအားလုံး YGEA သတ်မှတ်စျေးနှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြပါရန် သတိပေးလာပါတယ်။
ဇွန်လ ၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ရွှေအသင်းရဲ့ ပြည်တွင် အကယ်ဒမီ မီးလင်းရွှေစျေးကွက် အဖွင့်ဈေးနှုန်း 4,871,000/- (ကျပ် လေးဆယ့် ရှစ်သိန်း ခုနှစ်သောင်း တစ်ထောင်) ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေး (World Gold Price) ကတော့ တအောင်စ ၂၃၅၁ ဒေါ်လာ ရှိပါတယ်။
ပြင်ပစျေးကွက် အခေါက်ရွှေ တကျပ်သားကို ရောင်းဈေး ၅၂၆၀၀၀၀ ကျပ်၊ ဝယ်ဈေး ၅၂၂၀၀၀၀ ကျပ် စျေးဖွင့်ထားပေမယ့် YGEA ကတော့ သတ်မှတ်စျေးနှုန်းဖြင့်သာ အရောင်းအဝယ်လုပ်ဖို့ သတိပေးထားပါတယ်။
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
