လေဖိအားနည်းလား၊ ဆိုင်ကလုံးလားနဲ့ ဇွန်လကုန်ထိ မိုးကောင်းမယ့် မိုးလေဝသ ခန့်မှန်းချက်များ
လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်သည့် အခြေအနေ
ဇွန်လ လကုန်ပိုင်း(ခန့်မှန်း ဇွန် ၂၇ ရက် – ဇွန် ၂၈ ရက်ဝန်းကျင်) တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းပင်လယ်ပြင်၌ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ကြောင်း၊ လေဖိအားနည်းရပ်ဝန်းသည် သိသာထင်ရှားသော WELL-MARKED LPA အဆင့်အထိရောက်လာနိုင်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်နိုင်မည့် အခြေအနေတော့ မရှိကြောင်းတွေ့ရပါတယ်။
မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်သည့် မိုးလေဝသအခြေအနေ
လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မည့်အခြေအနေမဖြစ်ပေါ်မီကပင် ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေသည် အားအသင်အတင့်မှ အားကောင်းနေပြီးဖြစ်တာကြောင့် မြန်မာနိုင်ငံတောင်ပိုင်း – မွန်-တနင်္သာရီကမ်းရိုးတန်းဒေသများနဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းဒေသတွေမှာ မွန်းလွဲ-ညနေပိုင်းအချိန်များတွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးတဲ့အခြေအနေများဖြစ်ပေါ်နေပါတယ်။
နောက်လာမဲ့ ၁၀ ရက်အလွန် ဇွန်လ ၂၇/၂၈ ရက်တွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာရင်တော့ မိုးအားလျော့နည်းနေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသတွေမှာပါ မိုးရွာသွန်းမှုအခြေအနေမြင့်တက်လာနိုင်ကြောင်းတွေ့ရပါတယ်။
ရက်ဝေးကြိုတင်ခန့်မှန်းချက်ဖြစ်တာကြောင့် မြန်မာနိုင်ငံဒေသအသီးသီးမှာဖြစ်နိုင်တဲ့ မိုးရွာသွန်းနိုင်ချေနဲ့ လေပြင်းတိုက်ခတ်နိုင်မည့်အသေးစိတ်အခြေအနေခန့်မှန်းချက်များကို ရက်နီးတဲ့အခါ(ရက်သတ္တပတ် ၁ ပတ်အလိုခန့်မှာ)ထပ်မံအသိပေးတင်ပြေသွားပါမယ်။
