အင်္ဂလန်သမိုင်းမှာ ပထမဆုံးဆိုတဲ့ စံချိန်ကောင်းတစ်ခုကို စိုက်ထူလိုက်ပြီဖြစ်တဲ့ ဂျွန်စတုန်း
မန်စီးတီး ခံစစ်မှူး ဂျွန်စတုန်းဟာ အင်္ဂလန်အသင်းရဲ့ စံချိန်တစ်ခုကို ဆလိုဗက်ကီးယားပွဲမှာ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆလိုဗက်ကီးယားနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှုံးထွက် ပွဲစဉ်မှာ ဂျွန်စတုန်းနဲ့ ပစ်ဖို့ဒ်တို့ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ၂ ဦးလုံးဟာ လက်ရွေးစင်အသင်းအတွက် အဓိကပြိုင်ပွဲကြီးမှာ (၂၃) ပွဲဆက်တိုက် ပါဝင်ကစားခွင့်ရရှိခြင်းဖြစ်ပါတယ်။
သူတို့ နှစ်ဦးဟာ အင်္ဂလန်လက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲကြီးများမှာ ပွဲဆက်အများဆုံး ကစားခွင့်ရရှိသူများအဖြစ် ပူးတွဲစံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။
စံချိန်ဟောင်းကိုတော့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်း ကစားသမားဟောင်း အက်ရှ်လေကိုးလ်က အင်္ဂလန်အသင်းအတွက် ၂၀၀၁ မှ ၂၀၁၄ ခုနှစ်အထိ ယှဉ်ပြိုင်ကစားခဲ့ပြီး (၂၂)ပွဲဆက် ကစားခွင့်ရခြင်းနဲ့ စံချိန်တင်ထားခဲ့တာပါ။
မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းဟာ ၂၀၁၄ ခုနှစ်တွင် အင်္ဂလန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ဆယ်စုနှစ်တစ်ခုအတွင်း အင်္ဂလန်အသင်းအတွက် စုစုပေါင်း(၇၆)ပွဲ ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ပါတယ်။
