ပြင်သစ်ကို ရှုံးအပြီး သတင်းထောက်ရဲ့ မေးခွန်းကို ဒေါသထွက်သွားတဲ့ ဒီဘရိုင်း
ဘယ်လ်ဂျီယံ ရွှေရောင်မျိုးဆက် ကျရှုံးခဲ့သလားဆိုတဲ့ မေးခွန်းအပေါ် ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းက ဒေါသထွက်သွားခဲ့ပါတယ်။
ပြင်သစ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အီတလီသတင်းထောက်တဦးက ဘယ်လ်ဂျီယံအသင်းရဲ့ ရွှေရောင်မျိုးဆက် ကျရှုံးသွားပြီလို့ ဆိုနိုင်သလားလို့ မေးခွန်းမေးမြန်းခဲ့ရာမှာ ဒီဘရိုင်းက မိုက်ရိုင်းတဲ့မေးခွန်းဖြစ်ကြောင်း ဒီဘရိုင်းက ပြန်လည်တုံ့ပြန်ခဲ့တာပါ။
ရွှေရောင်မျိုးဆက်တွေရှိတဲ့ အသင်းတွေထဲမှာ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီနဲ့ စပိန်အသင်းတွေ အားလုံးက ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ဖူးကြောင်း အီတလီဂျာနယ်လစ် ပယ်လ်မာရီက မေးခွန်း မေးမြန်းရာမှာ ထည့်သွင်းညွှန်းဆိုခဲ့ပါသေးတယ်။
ဘယ်လ်ဂျီယံအသင်းဟာ ဟာဇက်၊ လူကာကူ၊ ကော့တွိုက်၊ ဒီဘရိုင်း၊ ဗာတွန်ဂမ် အစရှိတဲ့ မျိုးဆက်ကစားသမားတွေကို ရွှေရောင်မျိုးဆက်အဖြစ် တင်စားခဲ့ကြတာပါ။
ဒါပေမဲ့ ယူရို ၂၀၁၆၊ ယူရို ၂၀၂၀၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတွေမှာ အောင်မြင်မှုမရဘဲ ကျရူံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီဘရိုင်း၊ ဒိုကူတို့ဟာ ယူရိုကနေ ထွက်ခွာရပြီဖြစ်တာကြောင့် မန်စီးတီးရဲ့ ရာသီကြို ပြင်ဆင်မှုကို ခပ်စောစော ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ်။
