ကားကုမ္ပဏီ BYD ရဲ့ အရှေ့တောင်အာရှ ပထမဆုံး EV စက်ရုံ ထိုင်းနိုင်ငံတွင် ဖွင့်လှစ်
လျှပ်စစ်ကားစျေးကွက်မှာ ကြီးထွားလာနေတဲ့ တရုတ်ကားကုမ္ပဏီ BYD ဟာ အရှေ့တောင်အာရှမှာ ပထမဆုံး EV လျှပ်စစ်ကားစက်ရုံကို ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါတယ်။
တရုတ်ရဲ့ EV နည်းပညာတွေကို ထိုင်းနိုင်ငံကို ယူဆောင်လာမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံကျော် ရှိပါတယ်။ BYD ဟာ အရှေ့တောင်အာရှ ဒေသတွင်း EV ဈေးကွက်ကို ချဲ့ထွင်ဖို့ အလေးထား ကြိုးစားလာနေခြင်း ဖြစ်ပါတယ်။
ဒီစက်ရုံကို အလုပ်သမား ၁၀,၀၀၀ နဲ့ ထိုင်းနိုင်ငံအရှေ့ပိုင်း ရာယွန်ခရိုင်မှာ တည်ထားပြီး BYD ရဲ့ Dolphin တည်ဆောက်တပ်ဆင်မှုအပိုင်းတွေ ဆောင်ရွက်နေပါတယ်။
ထိုင်းနိုင်ငံဟာ BYD အတွက် ကြီးမားတဲ့ ပြည်ပဈေးကွက်တခုဖြစ်ပြီး ပထမ ၃ လအတွင်း EV အစိတ်အပိုင်း ၄၆ ရာခိုင်နှုန်းကို ထိုင်းမှာ ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်သွားမှာပါ။
ထိုင်းနိုင်ငံမှာ အခြားသော EV ကား ကုမ္ပဏီတွေဖြစ်တဲ့ Tesla နဲ့ Great Wall Motor တို့ကလည်း ထုတ်လုပ်ရေးစက်ရုံတွေ ထားရှိလို့ BYD ဟာ တတိယမြောက် လူစီးကားထုတ်လုပ်တဲ့စက်ရုံ ဖြစ်လာမှာပါ။
ထိုင်းနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ နှစ်စဉ်ကားထုတ်လုပ်မှု ၂.၅ သန်းရဲ့ ၃၀% ကို EV အဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ထားပါတယ်။
ထိုင်းနိုင်ငံဟာ Toyota, Honda, ISUZU Motor စတဲ့ ဂျပန်ကားကုမ္ပဏီတွေနဲ့လည်း ကာလရှည် လက်တွဲခဲ့ပြီး ပြည်တွင်းမှာ ကားတပ်ဆင်တာတွေ၊ ပြည်ပက တင်သွင်းတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
