ဆော်ဒီကို ပြောင်းဖို့ အလေးသာသွားတဲ့ မန်စီးတီး အဓိက ကစားသမား ၂ ဦး

မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းထံသို့ ပြောင်းရွှေ့ကစား ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်ဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူပါ။

ဒီဘရိုင်းနားက ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း အရိပ်အမြွက်ထုတ်ဖော်ပြောကြားသလို ဒီရက်ထဲမှာတော့ ဆော်ဒီကလပ် အယ်လ် အစ်တီဟတ်အသင်းထံသို့ ပြောင်းရွှေ့ကစားရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ အင်္ဂလန် သတင်းဌာနတွေက ဖော်ပြလာနေပါတယ်။

ဆော်ဒီကလပ်ဟာ ဒီဘရိုင်းအား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားသော်လည်း မိခင်ကလပ်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့တော့ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးရခြင်းမရှိသေးပါဘူး။

ဆော်ဒီပရိုလိဂ်ဘက်က ဂိုးသမား အီဒါဆန်ကိုလည်း ခေါ်ယူလိုနေသေးကာ ကစားသမားဘက်ခြမ်းနဲ့ အဆင်ပြေနေပေမယ့် သူ့အတွက်လည်း စီးတီးနဲ့ ပြောင်းရွှေ့ကြေး ညိနှိုင်းနေခြင်း မရှိသေးတာ ဖြစ်ပါတယ်။