မန်စီးတီး ကြယ်ပွင့်က အင်္ဂလန်တိုက်စစ်သမား ဆာကာကို ရပ်တန့်နိုင်မယ်လို့ စပါး ခံစစ်မှူး ထောက်ခံ

နယ်သာလန်အသင်း နောက်ခံလူ အကီက အင်္ဂလန်နှင့် ရင်ဆိုင်ရမည့် ဆီမီးဖိုင်နယ်ပွဲတွင် မိမိတို့အား အောက်အသင်းအဖြစ် သတ်မှတ်ခြင်းမှာ အရေးမကြီးကြောင်း ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းတွင် တစ်ဦးချင်းအရည်အသွေး ကောင်းမွန်သူများဖြင့် ဖွဲ့စည်းထားသော်လည်း ယူရိုပြိုင်ပွဲအတွင်း အကောင်းဆုံးပုံစံ မရရှိသည့်အတွက် နယ်သာလန်က စမ်းသပ်ခံရန် အသင့်ရှိနေကြောင်းလည်း ခံစစ်မှူးက ဆိုခဲ့သည်။

လက်ရွေးစင် အသင်းဖော် ခံစစ်မှူး ဗန်ဒီဗန်က ” ဆာကာက မြန်နှုန်းကောင်းတဲ့ ကစားသမားပါ ဒါပေမယ့် ဗန်ဒိုက်နဲ့ အကီတို့ကလည်း သိပ်မြန်ကြတဲ့ ခံစစ်သမားတွေဖြစ်ပါတယ်။

ကျနော်ကတော့ ဗန်ဒိုက်နဲ့ အကီတို့ဟာ ဆာကာကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ထားတယ် ” လို့ မှတ်ချက်ပေးခဲ့သည်။

ယခုပြိုင်ပွဲ၌ (၃)ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေသည့် ဂက်ပိုကလည်း ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ရောက်လာတဲ့ အသင်း ၄ သင်းမှာ ကွာဟချက် အနည်းငယ်သာ ရှိကြောင်း သုံးသပ်ခဲ့သည်။