ပုဂ္ဂလိကဘဏ်များတွင် ပုံမှန်အတိုင်းငွေသားများ ပြန်လည်ထုတ်ယူနိုင်ပြီ
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်များတွင် ပုံမှန်အတိုင်းငွေသားများ ပြန်လည်ထုတ်ယူနိုင်ပြီဖြစ်ကာ ATM စက်များတွင်လည်း ငွေများ ပြန်လည်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ဘဏ်များမှ အသိပေးကြေညာထားသည်။
ရန်ကုန်မြို့ရှိ ဧရာ၀တီဘဏ်၊ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်များတွင်ငွေများ ကို ပုံမှန်အတိုင်း ငွေကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၁၀၀ အထိထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
” ငွေကပြန်ထုတ်လို့ရနေပြီ။ လူတော့နည်းနည်းများတာပေါ့ ပုံမှန်ထက်စာရင်။ ပြီးခဲ့တဲ့ တစ်ပါတ်ကဆို ငွေထုတ်ရတာ တော်တော်ကျပ်တယ်။ ATM ပါထုတ်မရတော့တာ။ အခုတော့အဆင်ပြေပါတယ်။ ATM တော့ ထုတ်မကြည့်ရသေးဘူး” ဟု ငွေထုတ်ယူသူတစ်ဦးက ပြောသည်။
နီးစပ်ရာဘဏ်များ၏ ATMစက် များတွင် ATM Card များနှင့် ငွေသားထုတ်ယူနိုင်ပြီး ဖုန်းရှိရုံဖြင့် Cardless Withdrawal Service တို့ဖြင့်လည်း အလွယ်တကူ ငွေသားထုတ်ယူခြင်း/ ပေးသွင်းခြင်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဘဏ်များမှ အသိပေးကြေညာထားသည်။
” ပိုက်ဆံကတော့ ပြန်ထုတ်လို့ရနေပြီ။ ဒါပေမယ့် ပမာဏ အရမ်းများရင်တော့ ပြန်ပြောရတယ်။ ဘာကြောင့်ထုတ်တာလဲ ဘာညာ မေးခိုင်းတာတွေရှိတယ်”ဟု ဘဏ်ဝန်ထမ်းတစ်ဦးကပြောသည်။
