ရာသီသစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲ မိုက်ကယ်အိုဝင် ခန့်မှန်းချက်
နောက်လမှာတော့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ် စတင်တော့မှာဖြစ်ပြီး ကလပ်တွေ ရာသီကြို ပြင်ဆင်နေကြပါပြီ။
မန်စီးတီးဟာ အင်္ဂလန်ဘောလုံးသမိုင်းမှာ စံချိန်တင်အဖြစ် အမှတ်ပေးဖလား ၄ ကြိမ်ဆက် အောင်မြင်ထားကာ လာမယ့်ရာသီမှာ ၅ ကြိမ်ဆက်တိုက် အောင်မြင်ဖို့ ကြိုးစားရမှာပါ။
အိုဝင်ကတော့ အာဆင်နယ်၊ လီဗာပူးတို့ရဲ့ စိန်ခေါ်မှုကို မြင်ရမယ်လို့ ယူဆထားပြီး ရာသီသစ်အတွက် ခန့်မှန်းမှု လုပ်လာခဲ့ပါတယ်။
အိုဝင်က ‘ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးတို့ ထိပ်ဆုံး ၄ သင်းထဲ ဝင်ပါမယ်။ ချွန်ထွက်လာမယ့် နောက်ထပ် တစ်သင်းတော့ မမြင်ပါဘူး။
ယူနိုက်တက်၊ ချယ်ဆီးတို့လည်း အဆင့် ၄ ဝင်မယ် မထင်ဘဲ စပါး ဒါမှမဟုတ် အက်စတွန်ဗီလာ တစ်သင်းသင်းပဲ ဝင်သွားမှာပါ။
ဂွာဒီယိုလာ မရှိတော့ရင် ပရီးမီးယားလိဂ်မှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ သူရှိနေသမျှတော့ သူ့ကိုကျော်ပြီး ကလပ်တွေ အောင်မြင်ဖို့က မလွယ်ပါဘူး။ ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
