ပွဲဦးထွက် ရာသီကြို ခြေစမ်းပွဲ မန်စီးတီး ၃-၄ ဆဲလ်တစ် ပွဲကနေ ဘာတွေကို လေ့လာမိခဲ့လဲ
						
						မန်စီးတီးဟာ ရာသီကြို ခြေစမ်းပွဲအဖြစ် အမေရိကန်မှာ စကော့တလန်ကလပ် ဆဲလ်တစ်နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ၃-၄ ဖြင့် ရှုံးနိမ့်သွားပါတယ်။
ဟာလန်း၊ ဂရီလစ်၊ ကယ်ဗင်ဖီးလစ်တို့ကို လူငယ်တွေနဲ့ တွဲဘက်ပေးခဲ့ရာမှာ စီနီယာတွေထံက တောက်ပတဲ့ ခြေစွမ်းတွေ မြင်ခဲ့ရသလို ညာတောင်ပံမှာ ပွဲထွက်တဲ့ မက်အတီး၊ ဘော့နဲ့ ဖရိုးနီတို့လို လူငယ်တွေကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဆဲလ်တစ်အသင်းက ခြေစမ်းပွဲ ၃ ပွဲ ကစားထားပြီဖြစ်တာကြောင့် မန်စီးတီးထက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သာလွန်နေပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် မန်စီးတီးက ရာသီသစ် မစခင် ၁ လဝန်းကျင် အလိုမှာ ကြံ့ခိုင်မှုကို အရှိန်တင်ဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
ဟာလန်းဟာ ဒီနေ့ပွဲမှာ အတော်လေး အထက်အောက် ပြေးလွှားကစားခဲ့ပါတယ်။ ဘော့ရဲ့ ဖြတ်တင်ဘောကိုလည်း ခေါင်းတိုက် သွင်းယူခဲ့ပြီး သူ့ထံက လှုပ်အားနှုန်းတွေ ပိုအသုံးချလာတာကို မြင်ခဲ့ရပါတယ်။
သဘောကျစရာ ခြေစွမ်းပိုင်ရှင်က လူငယ်ကြယ်ပွင့်လေး ဘော့ပဲဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ဂွာဒီယိုလာ နောက်ဆုံး စင်တင်ပေးမယ့် ကြယ်ပွင့်လေး ဖြစ်လာနိုင်ပါတယ်။
မနှစ်ကရာသီ ချန်ပီယံရှစ်မှာ အငှားထွက်ကစားခဲ့တဲ့ Doyle အပြင် အချို့သော လူငယ်ကြယ်ပွင့်တွေထံက အလားအလာကောင်းတွေ မြင်ခဲ့ရပြီး သူတို့ဟာ စီနီယာအသင်းမှာ ဆက်မရှိရင်တောင် စီးတီးတို့ ပြောင်းရွှေ့ကြေးတွေရဖို့ အကူအညီ ဖြစ်စေမယ့်သူတွေပဲ ဖြစ်ပါတယ်။
