ဗဟိုဘဏ် သတင်းကြောင့် ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ စက်သုံးဆီစျေးနှုန်းတွေ ကျဆင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြား ငွေကြေးဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ ၁၇ သန်း ရောင်းချသွားမယ်လို့ မနေ့က စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။

Fx Trading Platform ကနေ တစ်ဆင့် နိုင်ငံခြားငွေကြေးဈေးကွက် အတွင်းကို ရောင်းချပေးမှာပါ။ စက်သုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ စားသုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၇ သန်း ရောင်းချပေးမှာဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာငွေ ထုတ်ရောင်းပေမယ်လို့ ကြေညာမှုအပြီး ယနေ့မနက်ပိုင်းမှာ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချရေး ကြီးကြပ်ကော်မတီက ရန်ကုန်အထိုင်ဈေးနှုန်းတွေကို လျှော့ချသတ်မှတ်ခဲ့ပါတယ်။

ဓာတ်ဆီ 92 Ron က တစ်လီတာ ၁၆၅ ကျပ်၊ 95 Ron က တစ်လီတာ ၁၆၀ ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ ၁၀၀ ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ ၁၂၀ ကျပ် အသီးသီး ကျဆင်းသွားပါတယ်။

လက်ရှိမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားရာ မန္တလေးတိုင်းအတွင်းက ဒေသအချို့မှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး တကျော့ပြန် စက်သုံးဆီပြတ်လပ်ပြီး တန်းဆီဝယ်ယူရတာမျိုး ဖြစ်ပေါ်နေပါတယ်။