နယ်မြို့တွေက စစ်ဘေး၊ ရေဘေး အခက်ခဲတွေကြောင့် ရန်ကုန်မှာ အဆင်ပြေနေတဲ့ အိမ်အငှား ဈေးကွက်

ဝါကျွတ်ကာလ မရောင်ခင်မှာတင်ပဲ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အိမ်အငှားတွေ ပိုသွက်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။

နယ်မြို့တွေက စစ်ဘေး၊ ရေဘေးစတဲ့ အခက်ခဲတွေကြောင့် ရန်ကုန်ကို ရွှေ့ပြောင်းလာသူများလာတဲ့အတွက် အိမ်ငှားလိုသူများနေရာ အိမ်အငှားဈေးနှုန်းများလည် ဆတိုးမြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

လတ်တလော ငှားရမ်းမှုအများဆုံး မြို့နယ်တွေက သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ လှိုင်၊ ကမာရွတ်၊ ဒဂုံလေးမြို့နယ်နဲ့ ရွှေပေါက်က္ကံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေဖြစ်ကာ အစွန်ပိုင်း မြို့နယ်တွေမှာ အိမ်ငှားရမ်းခနှုန်းဟာ ပိုမို သက်သာမှုရှိတယ်လို့ သိရပါတယ်။

ရန်ကုန် အိမ်အငှားစျေးကွက်ဟာ ၂၀၂၄ ထဲမှာ အတော်လေးကို သွက်လာခဲ့တာဖြစ်ပြီး အရောင်းအဝယ် ဈေးကွက်မှာတော့ အိမ်မြေဈေးတွေက တနှစ်ထက် တနှစ် ပိုမိုဈေးတက်လာခဲ့ကာ အဝယ်အေးတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် ဝါကျွတ်ကာလက တိုက်ခန်းအငှားဈေး တသိန်းကျော်မှ ရှစ်သိန်းကျော် ၊ လုံးချင်းအိမ်အငှားဈေး နှစ်သိန်းမှ ၁၀သိန်း ကျော် ဈေးရှိရာကနေ ယခု ၂၀၂၄ခုနှစ်ဝါကျွတ်ကာလ အနီးမှာ တိုက်ခန်းအငှားဈေး သုံးသိန်းကျော်မှ ၁၀သိန်းကျော်၊ လုံးချင်းအိမ်အငှားဈေးများလည်း သုံးသိန်းမှ သိန်း ၂၀ကျော် အထိ မြင့်တက်လာပါတယ်။

အရောင်းပိုင်းမှာတော့ ရောင်းခွန်တွေကိုပါ ကြပ်မတ်လာတာကြောင့် ရောင်းခွန်ဆောင်မှသာ ဝယ်သူအတွက် ဝယ်ခွန်ဆောင်ကာ အမည်ပြောင်းခွင့်ရတဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် ကြိုက်ရောင်းကြိုက်ဝယ် သမားများသာ အိမ်အရောင်းအဝယ်ရှိနေတာလို့ သိရပါတယ်။