လူမှုကွန်ယက် ဆရာကျကျသုံးနိုင်တဲ့ ပရိသတ်အား မြင့်မားတဲ့ လစာဖြင့်အလုပ်ပေးမယ့် ယူနိုက်တက်
ယူနိုက်တက်ဟာ ၎င်းတို့ရဲ့ လူမှုကွန်ယက်ဆိုင်ရာ အကောင့်တွေကို ကြီးကြပ်ပေးနိုင်မယ့် လူမှုကွန်ယက်ဆိုင်ရာ အကြီးအကဲတာဝန်ကို အချိန်ပြည့် ယူပေးမယ့်သူကို ရှာဖွေနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်က ရှာဖွေနေသူက ပရိသတ်တွေကို စိတ်ဝင်စားစရာ အကောင်းဆုံးသော နည်းလမ်းသစ်တွေဖြင့် ချိတ်ဆက်ပေးနိုင်စွမ်းရှိပြီး ဒီလို အပြောင်းအလဲတွေကို လုပ်ဆောင်ပေးနိုင်စွမ်းရှိမယ့် အမာခံပရိသတ်မျိုးလည်း ဖြစ်ရပါမယ်။ ကျိုးကြောင်းဆီလျော်မှုတွေ၊ စုဖွဲ့နိုင်မှုနဲ့အတူ ကမ္ဘာအကောင်းဆုံး အမှတ်အသားတစ်ခုကို လူမှုကွန်ယက်တွေကနေ ဦးဆောင်ပေးဖို့ရာ ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ဖို့တော့ လိုအပ်ပါတယ်။
လူမှုကွန်ယက်ကို ပရော်ဖက်ရှင်နယ်ကျကျ သုံးစွဲနိုင်စွမ်း မြင့်တဲ့ အဆိုပါ ပုဂ္ဂိုလ်ဟာ ကစားသမား၊ အေးဂျန့်တွေနဲ့အတူ လက်တွဲလုပ်ဆောင်ရမှာလည်း ဖြစ်ပေမယ့် ကစားသမား တစ်ဦးတစ်ယောက်ရဲ့ တစ်ကိုယ်ရည် လူမှုကွန်ယက် မီဒီယာပိုင်းကို တာဝန်ယူရမှာတော့ မဟုတ်ပါဘူး။
ယူနိုက်တက်က ခန့်မယ့် လူမှုကွန်ယက် အကြီးအကဲဟာ အသင်းသားတွေအနေနဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင် အကောင့်တွေမှာ ဘယ်လိုတွေကို တင်ခွင့်ရှိမယ်၊ ဘယ်လိုတွေကတော့ မလျော်ညီဘူး စသဖြင့် အကြံပေးရမယ့် အလုပ်မျိုးဖြစ်တယ်။ လက်တလော လူမှုကွန်ယက်ပေါ်က ခေတ်စားမှုနဲ့ ပရိသတ်တွေရဲ့ သဘောသဘာဝကို သိနားလည်သူမျိုး ဖြစ်ဖို့တော့ လိုပါမယ်။
ဒီအလုပ်အတွက် ပေးချေမယ့် လုပ်ခက နည်းနည်းတော့ မဟုတ်ပဲ တစ်နှစ်ကို ပေါင် ၁ သိန်း ဝန်းကျင်ထိ မြင်မားတဲ့ လုပ်ခဖြင့် ပေးသွားမှာဖြစ်တယ်။ ဒီကိစ္စဟာ လွန်ခဲ့တဲ့နှစ်အတွင်း ယူနိုက်တက် အသင်းသားတွေ လူမှုကွန်ယက်မှာ အငြင်းပွားစရာ ကိစ္စတွေကို ဖော်ပြမှုတွေ ရှိခဲ့တဲ့ နောက်ဆက်တွဲအဖြစ် မှားယွင်းမှုတွေ ထပ်မဖြစ်ဖို့ ကလပ်ဘက်က ကြိုးစားလာခြင်း ဖြစ်ပါတယ်။
ZAWGYI
ယူနိုက်တက်ဟာ ၄င်းတို့ရဲ့ လူမှုကွန်ယက်ဆိုင်ရာ အကောင့်တွေကို ကြီးကြပ်ပေးနိုင်မယ့် လူမှုကွန်ယက်ဆိုင်ရာ အကြီးအကဲတာဝန်ကို အချိန်ပြည့် ယူပေးမယ့်သူကို ရှာဖွေနေတယ်လို့ သိရပါတယ်။