ယူနိုက်တက်မှာ ဖာနန်ဒက်စ် တွဲအကစားလိုဆုံး ကစားသမားက အကြောင်းပြန်မှု ပြုလုပ်လာ

ပေါ်တူဂီသား ကွင်းလယ်လူ ဖရန်ဆစ္စကို ရာမို့စ်က ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်မှာ အတူတွဲကစားလိုတယ်ဆိုတဲ့ ဆုတောင်းမှုကို တုန့်ပြန်စကား ပြောကြားလာပါတယ်။

ပေါ်တူဂီသတင်းဌာန O Jogo နဲ့ အင်တာဗျူးမှာ ရာမို့စ်က ဖြေဆိုခဲ့တာဖြစ်ပြီး သူကပဲ ” ကျနော်က ဘရူနိုနဲ့ သူငယ်ချင်းပါ။ ကျနေ်ာတို့တွေ နေ့တိုင်း စကားပြောဖြစ်ခဲ့တယ်။ သူ့ရဲ့ ယူနိုက်တက်မှာ အတူတွဲကစားလိုတယ်ဆိုတဲ့ အမြင်အတွက် ကျေးဇူးတင်ပါတယ်။

သူက ကျနော်နဲ့အတူ တွဲကစားလိုပေမယ့် ကျနော် လွယ်လွယ်ကူကူဖြစ်စေဖို့တော့ ဘာအကူအညီမှ ပေးမှာ မဟုတ်ကြောင်းကိုလည်း ပြောထားသေးတယ်။ ကျနေ်ာတို့က တူညီတဲ့ အမှုအကျင့်တွေ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဆုံးသတ်ပိုင်းနဲ့ အဆုံးသတ်ဖို့ရာ လုပ်ဆောင်မှုအပိုင်းကတော့ သူ ပိုကောင်းတာပေါ့ဗျာ ” လို့ ဆိုခဲ့တာဖြစ်တယ်။

မကြာသေးခင်တုန်းက ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာကလပ်မှာ သူနဲ့ အတူ တွဲကစားဖို့ သူ စိတ်ကြိုက် ကစားသမား တစ်ယောက် ခေါ်ဆောင်ခွင့် ရှိမယ်ဆိုရင် ဘယ်သူ ဖြစ်မလဲလို့ အင်စတာဂရမ် မှာ မေးခွန်းထုတ်ခံတဲ့ အခါမှာ ဖာနန်ဒက်စ် က ဖရန်ဆစ္စကို ရာမို့စ် လို့ ဖြေကြားခဲ့တာပါ။

၎င်းက လောလောဆယ် ပေါ်တူဂီကလပ် ဆန်တာကလာရာကလပ်မှာ အငှား ကစားနေပြီး ဖာနန်ဒက်စ်နဲ့ အတူ ပေါ်တူဂီ U21 လက်ရွေးစင် အသင်းမှာ အတူ တွဲကစားခဲ့ဖူးပါတယ်။ ဖာနန်ဒက်စ်က ဖရန်ဆစ္စကို ရာမို့စ် နဲ့ အတူ ကစားသမားဘ၀ လက်ကျန် ကာလ တလျောက်လုံး အတူ တွဲ ကစားလိုနေတာ ဖြစ်ပါတယ်။

ZAWGYI

ေပၚတူဂီသား ကြင္းလယ္လူ ဖရန္ဆစၥကို ရာမို႔စ္က ဖာနန္ဒက္စ္ရဲ႕ ယူႏုိက္တက္မွာ အတူတြဲကစားလိုတယ္ဆိုတဲ့ ဆုေတာင္းမႈကို တုန္႔ျပန္စကား ေျပာၾကားလာပါတယ္။

ေပၚတူဂီသတင္းဌာန O Jogo နဲ႔ အင္တာဗ်ဴးမွာ ရာမို႔စ္က ေျဖဆိုခဲ့တာျဖစ္ျပီး သူကပဲ ” က်ေနာ္က ဘရူႏိုနဲ႔ သူငယ္ခ်င္းပါ။ က်ေန္ာတုိ႔ေတြ ေန႔တိုင္း စကားေျပာျဖစ္ခဲ့တယ္။ သူ႔ရဲ႕ ယူႏုိက္တက္မွာ အတူတြဲကစားလိုတယ္ဆိုတဲ့ အျမင္အတြက္ ေက်းဇူးတင္ပါတယ္။

သူက က်ေနာ္နဲ႔အတူ တြဲကစားလိုေပမယ့္ က်ေနာ္ လြယ္လြယ္ကူကူျဖစ္ေစဖို႔ေတာ့ ဘာအကူအညီမွ ေပးမွာ မဟုတ္ေၾကာင္းကိုလည္း ေျပာထားေသးတယ္။ က်ေန္ာတို႔က တူညီတဲ့ အမႈအက်င့္ေတြ ရွိပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ အဆံုးသတ္ပိုင္းနဲ႔ အဆံုးသတ္ဖို႔ရာ လုပ္ေဆာင္မႈအပိုင္းကေတာ့ သူ ပိုေကာင္းတာေပါ့ဗ်ာ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

မၾကာေသးခင္တုန္းက ယူနိုက္တက္ ကြင္းလယ္တိုုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာကလပ္မွာ သူနဲ႕ အတူ တြဲကစားဖို႔ သူ စိတ္ၾကိဳက္ ကစားသမား တစ္ေယာက္ ေခၚေဆာင္ခြင့္ ရွိမယ္ဆိုရင္ ဘယ္သူ ျဖစ္မလဲလို႔ အင္စတာဂရမ္ မွာ ေမးခြန္းထုတ္ခံတဲ့ အခါမွာ ဖာနန္ဒက္စ္ က ဖရန္ဆစၥကို ရာမို႔စ္ လို႔ ေျဖၾကားခဲ့တာပါ။

၄င္းက ေလာေလာဆယ္ ေပၚတူဂီကလပ္ ဆန္တာကလာရာကလပ္မွာ အငွား ကစားေနျပီး ဖာနန္ဒက္စ္နဲ႕ အတူ ေပၚတူဂီ U21 လက္ေရြးစင္ အသင္းမွာ အတူ တြဲကစားခဲ့ဖူးပါတယ္။ ဖာနန္ဒက္စ္က ဖရန္ဆစၥကို ရာမို႔စ္ နဲ႕ အတူ ကစားသမားဘ၀ လက္က်န္ ကာလ တေလ်ာက္လံုး အတူ တြဲ ကစားလိုေနတာ ျဖစ္ပါတယ္။