ယူနိုက်တက် တကယ် ခေါ်ယူသင့်တဲ့ ကွင်းလယ် ၃ဦး ဖာဒီနန် အကြံပြု

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် အပြောင်းအရွှေ့မှာ လက်စတာကွင်းလယ်သမား မက်ဒီဆန်၊ ဗီလာမှ ဂျက်ရေးလစ်ချ်နဲ့ ဒေါ့မွန်တိုက်စစ် ကြယ်ပွင့် ဆန်ချိုတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ဖာဒီနန်ကတော့ ယူနိုက်တက် တကယ် ခေါ်ယူသင့်တဲ့ ကွင်းလယ် ၃ ဦးကို ထောက်ပြ အကြံပေးခဲ့ပါတယ်။

ဖာဒီနန် အကြံပြုလာတဲ့ ကစားသမားတွေကတော့ ယူနိုက်တက် ရဲ့ ဦးစားပေး ပစ်မှတ်တွေထဲ ပါဝင်သူတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် အသင်းအတွက် တကယ် လိုအပ်ပြီး အံဝင်မယ့်သူတွေလို့ ၎င်းက ယူဆထားပါတယ်။

” ကျနော့် အမြင်ကတော့ အက်သလက်တီကို မက်ဒရစ်က သောမတ်စ် ပါတေး ဒါမှမဟုတ် လက်စတာအသင်းက အန်ဒီဒီကို ခေါ်စေချင်တယ်။ နောက်ပြီး ဆာအူးလ် နီဂွက်ဇ်ကိုလည်း သဘောကျတယ်။ သူက ကွင်းလယ်မှာ တော်တော်ကို ကောင်းမွန်တဲ့ ကစားသမာ တစ်ယောက်ပါ။ ” လို့ ဖာဒီနန်က ဆိုပါတယ်။

ဖာဒီနန် ညွှန်းသွားတဲ့ ကစားသမား ၃ ယောက်လုံးကလည်း ယူနိုက်တက် အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

လက်စတာ အသင်းရဲ့ ကွင်းလယ် ကစားသမားဖြစ်တဲ့ အန်ဒီဒီကတော့ နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တာကြောင့် မက်ဒီဆန် နည်းတူ ခေါ်ယူနိုင်ဖို့ ခက်ခဲတဲ့ ကစားသမား တစ်ဦးပါ။

ဆာအူးလ်ကို ခေါ်ယူဖို့ ယူနိုက်တက် အသင်းက အရင်တည်းက စိတ်ဝင်စားခဲ့ပြီး ကွင်းလယ်ဗဟိုမှာ တိုက်စစ်၊ ခံစစ် နှစ်မျိုးလုံး ကစားနိုင်တဲ့ အပြင် ညာနောက်ခံလူနေရာမှာပါ ကစားနိုင်တဲ့ ပါတေးကလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ယူနိုက်တက် ရဲ့ ပစ်မှတ် ကစားသမား ဖြစ်ခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ လာမယ့္ အေျပာင္းအေရႊ႕မွာ လက္စတာကြင္းလယ္သမား မက္ဒီဆန္၊ ဗီလာမွ ဂ်က္ေရးလစ္ခ်္နဲ႕ ေဒါ့မြန္တိုက္စစ္ ၾကယ္ပြင့္ ဆန္ခ်ိဳတို႔ကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။ ယူနိုက္တက္ ခံစစ္မွဴးေဟာင္းၾကီး ဖာဒီနန္ကေတာ့ ယူနုိက္တက္ တကယ္ ေခၚယူသင့္တဲ့ ကြင္းလယ္ ၃ ဦးကို ေထာက္ျပ အၾကံေပးခဲ့ပါတယ္။

ဖာဒီနန္ အၾကံျပဳလာတဲ့ ကစားသမားေတြကေတာ့ ယူနိုက္တက္ ရဲ႕ ဦးစားေပး ပစ္မွတ္ေတြထဲ ပါ၀င္သူေတြ မဟုတ္ၾကပါဘူး။ ဒါေပမယ့္ အသင္းအတြက္ တကယ္ လိုအပ္ျပီး အံ၀င္မယ့္သူေတြလို႔ ၄င္းက ယူဆထားပါတယ္။

” က်ေနာ့္ အျမင္ကေတာ့ အက္သလက္တီကို မက္ဒရစ္က ေသာမတ္စ္ ပါေတး ဒါမွမဟုတ္ လက္စတာအသင္းက အန္ဒီဒီကို ေခၚေစခ်င္တယ္။ ေနာက္ျပီး ဆာအူးလ္ နီဂြက္ဇ္ကိုလည္း သေဘာက်တယ္။ သူက ကြင္းလယ္မွာ ေတာ္ေတာ္ကို ေကာင္းမြန္တဲ့ ကစားသမာ တစ္ေယာက္ပါ။ ” လို႔ ဖာဒီနန္က ဆိုပါတယ္။

ဖာဒီနန္ ညႊန္းသြားတဲ့ ကစားသမား ၃ ေယာက္လုံးကလည္း ယူႏိုက္တက္ အသင္းနဲ႔ အေျပာင္းအေ႐ႊ႕ သတင္းေတြ ထြက္ေပၚခဲ့ဖူးတဲ့ ကစားသမားေတြ ျဖစ္ပါတယ္။

လက္စတာ အသင္းရဲ႕ ကြင္းလယ္ ကစားသမားျဖစ္တဲ့ အန္ဒီဒီကေတာ့ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ အဓိက ကစားသမား တစ္ဦးျဖစ္တာေၾကာင့္ မက္ဒီဆန္ နည္းတူ ေခၚယူႏိုင္ဖို႔ ခက္ခဲတဲ့ ကစားသမား တစ္ဦးပါ။

ဆာအူးလ္ကို ေခၚယူဖို႔ ယူႏိုက္တက္ အသင္းက အရင္တည္းက စိတ္ဝင္စားခဲ့ၿပီး ကြင္းလယ္ဗဟိုမွာ တိုက္စစ္၊ ခံစစ္ ႏွစ္မ်ိဳးလုံး ကစားႏိုင္တဲ့ အျပင္ ညာေနာက္ခံလူေနရာမွာပါ ကစားႏိုင္တဲ့ ပါေတးကလည္း ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေတြမွာ ယူႏိုက္တက္ ရဲ႕ ပစ္မွတ္ ကစားသမား ျဖစ္ခဲ့ပါတယ္။