ပြင်သစ်လိဂ် အဆုံးသတ်လိုက်ခြင်းကြောင့် ပစ်မှတ်ကစားသမားကို ခေါ်ယူနိုင်ဖွယ်ရှိနေတဲ့ ယူနိုက်တက်

UNICODE – ယူနိုက်တက်ဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်း တိုက်စစ်မှူး ဒမ်ဘီလီကို ဒီနွေမှာ ခေါ်ယူဖို့ အခြေအနေ ကောင်းနေကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ပြပါတယ်။

မနှစ်က နွေတုန်းက ယူနိုက်တက်ဘက်က ကမ်းလှမ်းခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပဲ ဒီရာသီမှာ သွင်းဂိုး ၂၂ ဂိုးထိ သွင်းယူထားနိုင်တဲ့ ဒမ်ဘီလီကို ယူနိုက်တက်က ပြန်လည် စိတ်ဝင်စားနေဆဲဖြစ်တယ်။ ဒမ်ဘီလီကို ခေါ်ယူဖို့ လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်ဆီးတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ဇန်နဝါရီ က အငှား ခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဟာလို ရှိနေပြီး ထိုက်သင့်တဲ့ ခြေစွမ်းပြမှုတွေ ရှိနေပေမယ့် ယူနိုက်တက် အတွက် ဒီထက် ခြေစွမ်း ပိုကောင်းတဲ့ တိုက်စစ်မှူးမျိုး အလိုရှိနေတာပါ။ အစ်ဟာလိုကို ခေါ်ယူလိုတယ်ဆိုရင် ပေါင် ၁၅ သန်း ပေးရမှာဖြစ်ကာ ယူနိုက်တက်က အသက် ငယ်ရွယ်သေးပြီး ပြောင်းရွှေ့ကြေးလည်း မများနိုင်တဲ့ ဒမ်ဘီလီကို ပိုသဘောတွေ့နေတာဖြစ်တယ်။

ပြင်သစ်လိဂ်က ဘောလုံးရာသီကို ပယ်ဖျက်ခဲ့ရာမှာ လိုင်ယွန်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရံှူးထားတဲ့ အသင်းဖြစ်တယ်။ ကစားသမားကောင်းတွေက လိုင်ယွန်ကို စွန့်ခွာလိုပြီး အဆိုပါ ကစားသမားတွေထဲ ဒမ်ဘီလီ ပါဝင်နေပါတယ်။ ယူနိုက်တက်ဟာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလားအလာကောင်းနေခြင်းကြောင့် နွေမှာ ကစားသမားကောင်းတွေ ခေါ်ယူနိုင်ဖို့ ရှိလာနေတာဖြစ်တယ်။

ယူနိုက်တက်ဟာ မနှစ်တုန်းက မက်ဂွဲရား၊ ဘစ်ဆာကာ၊ ဂျိမ်းနဲ့ ဇန်နဝါရီမှာ ဖာနန်ဒက်စ်တို့ကို ခေါ်ယူထားပြီး အားလုံးဟာ အကျိုးဖြစ်တဲ့ ခေါ်ယူမှုတွေ ဖြစ်ခဲ့တာကြောင့် ဘုတ်အဖွဲ့က နွေမှာ ဆိုးရှားကို ထောက်ခံပေးသွားဖို့ ရှိနေပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ျပင္သစ္ကလပ္ လိုင္ယြန္အသင္း တိုက္စစ္မွဴး ဒမ္ဘီလီကို ဒီေႏြမွာ ေခၚယူဖို႔ အေျခအေန ေကာင္းေနေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ျပပါတယ္။

မႏွစ္က ေႏြတုန္းက ယူႏုိက္တက္ဘက္က ကမ္းလွမ္းခ့ဲေပမယ့္ အေျပာင္းအေရႊ႔ မျဖစ္ေျမာက္ခဲ့ပဲ ဒီရာသီမွာ သြင္းဂိုး ၂၂ ဂိုးထိ သြင္းယူထားႏုိင္တဲ့ ဒမ္ဘီလီကို ယူႏုိက္တက္က ျပန္လည္ စိတ္ဝင္စားေနဆဲျဖစ္တယ္။ ဒမ္ဘီလီကို ေခၚယူဖို႔ လန္ဒန္ကလပ္ေတြျဖစ္တဲ့ အာဆင္နယ္၊ ခ်ယ္ဆီးတို႔ကလည္း စိတ္ဝင္စားေနၾကပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္မွာ ဇန္န၀ါရီ က အငွား ေခၚယူထားတဲ့ တိုက္စစ္မွဴး အစ္ဟာလို ရွိေနျပီး ထိုက္သင့္တဲ့ ေျခစြမ္းျပမႈေတြ ရွိေနေပမယ့္ ယူနိုက္တက္ အတြက္ ဒီထက္ ေျခစြမ္း ပိုေကာင္းတဲ့ တိုက္စစ္မွဴးမ်ိဳး အလိုရွိေနတာပါ။ အစ္ဟာလိုကို ေခၚယူလိုတယ္ဆိုရင္ ေပါင္ ၁၅ သန္း ေပးရမွာျဖစ္ကာ ယူႏုိက္တက္က အသက္ ငယ္ရြယ္ေသးျပီး ေျပာင္းေရႊ႔ေၾကးလည္း မမ်ားႏုိင္တဲ့ ဒမ္ဘီလီကို ပိုသေဘာေတြ႔ေနတာျဖစ္တယ္။

ျပင္သစ္လိဂ္က ေဘာလံုးရာသီကို ပယ္ဖ်က္ခဲ့ရာမွာ လိုင္ယြန္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ဆံုးရံွဴးထားတဲ့ အသင္းျဖစ္တယ္။ ကစားသမားေကာင္းေတြက လိုင္ယြန္ကို စြန္႔ခြာလိုျပီး အဆိုပါ ကစားသမားေတြထဲ ဒမ္ဘီလီ ပါဝင္ေနပါတယ္။ ယူႏုိက္တက္ဟာ ဥေရာပ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အလားအလာေကာင္းေနျခင္းေၾကာင့္ ေႏြမွာ ကစားသမားေကာင္းေတြ ေခၚယူႏုိင္ဖို႔ ရွိလာေနတာျဖစ္တယ္။

ယူႏုိက္တက္ဟာ မႏွစ္တုန္းက မက္ဂြဲရား၊ ဘစ္ဆာကာ၊ ဂ်ိမ္းနဲ႔ ဇန္နဝါရီမွာ ဖာနန္ဒက္စ္တုိ႔ကို ေခၚယူထားျပီး အားလံုးဟာ အက်ိဳးျဖစ္တဲ့ ေခၚယူမႈေတြ ျဖစ္ခဲ့တာေၾကာင့္ ဘုတ္အဖြဲ႔က ေႏြမွာ ဆိုးရွားကို ေထာက္ခံေပးသြားဖို႔ ရွိေနပါတယ္။