အချက်တစ်ချက် ဖြစ်လာရင် ကွင်းထဲက ထွက်သွားမယ်လို့ အစ်ဟာလို အသိပေး
ယူနိုက်တက် အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဟာလို က သူ့အနေနဲ့ ပွဲထဲမှာ လူမျိုးရေးခွဲခြားခံရပြီး ဒိုင်လူကြီးက ပြဿနာကောင်ကို အရေးမယူဘူး ဆိုရင် ကွင်းထဲကနေ တခါတည်း ထွက်သွားဖို့ ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
အစ်ဟာလို ဟာ ရှန်ဟိုင်း ရှင်ဟွာမှာ ကစားစဉ်အတွင်း နာမည်ပေါင်းစုံ အခေါ်ခဲ့ရပေမယ့် တရုတ်ဘောလုံးအဖွဲ့အစည်းကို တိုင်ကြားခဲ့တာတောင် ဘာအရေးယူမှုမှ မလုပ်ခဲ့ဘူးလို့ ဖွင့်ဟခဲ့တာပါ။
ဒီတစ်ပတ်မှာ ၂၀၂၁ ဇန်နဝါရီ အထိ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိူးခဲ့တဲ့ အသက် ၃၀အရွယ် ကစားသမားက နောက်ထပ် အနိုင်ကျင့် ခွဲခြားမှုတွေကို လက်ခံမှာ မဟုတ်တော့ဘူးလို့ အသိပေးစကား ဆိုလိုက်ပါတယ်။
“ကျွန်တော့်ကို ဒါမျိုးထပ်လုပ်ရင် ဒိုင်တွေကို ပြောပြီး သူတို့ ဘာလုပ်မလဲ ကြည့်မယ်၊ ဘာအရေးယူမှုမှ မလုပ်ရင် ကျွန်တော်ကတော့ ကွင်းထဲက ထွက်သွားမှာပဲ၊ ဘာလို့လဲဆိုတော့ ဒါမျိုးက ဘယ်သူ့အတွက်မှ မဖြစ်သင့်တဲ့အရာပါ။
တရုတ်မှာတုန်းက ဆိုရင် နာမည်ပေါင်းစုံ အခေါ်ခံခဲ့ရတယ်၊ ပွဲပြီးတော့ သူ့လက်ကိုဆွဲပြီး ကျွန်တော်နှုတ်မဆက်ခဲ့ဘူး၊ အဝတ်လဲခန်းထဲ တန်းဝင်သွားတာ၊ ကျွန်တော် ဒေါသဖြစ်ခဲ့ပြီး FA ကို သတင်းပို့ခဲ့ပါတယ်။ ထပ်ပြီးတော့တော့ ဖိအားမပေးခဲ့ဘူး၊ ဒီတိုင်းပဲ ထားလိုက်တော့တယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဲ့လိုလူမျိုးမဟုတ်ဘူးလေ ၊ ပြဿနာကို ဆွဲမထုတ်ချင်ဘူး၊ ဒါပေမယ့် အဲ့လိုမျိုး ဘယ်နိုင်ငံမှာမှ မဖြစ်သင့်ဘူး ထင်တယ်” လို့ အစ်ဟာလို က ဆိုပါတယ်။
အာဖရိက-အမေရိကန်သား ဂျော့ဖလွိုက် သေဆုံးခဲ့ရပြီးနောက် လူငယ်မျိုးဆက်တွေကို ပညာပေးဖို့ အရေးကြီးတဲ့အကြောင်းကိုလဲ အစ်ဟာလို က ဝေဖန်ခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ အငွားေခၚယူထားတဲ့ တိုက္စစ္မႉး အစ္ဟာလို က သူ႔အေနနဲ႔ ပြဲထဲမွာ လူမ်ိဳးေရးခြဲျခားခံရၿပီး ဒိုင္လူႀကီးက ျပႆနာေကာင္ကို အေရးမယူဘူး ဆိုရင္ ကြင္းထဲကေန တခါတည္း ထြက္သြားဖို႔ ဆုံးျဖတ္ထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။
အစ္ဟာလို ဟာ ရွန္ဟိုင္း ရွင္ဟြာမွာ ကစားစဥ္အတြင္း နာမည္ေပါင္းစုံ အေခၚခဲ့ရေပမယ့္ တ႐ုတ္ေဘာလုံးအဖြဲ႕အစည္းကို တိုင္ၾကားခဲ့တာေတာင္ ဘာအေရးယူမႈမွ မလုပ္ခဲ့ဘူးလို႔ ဖြင့္ဟခဲ့တာပါ။
ဒီတစ္ပတ္မွာ ၂၀၂၁ ဇန္နဝါရီ အထိ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းတိူးခဲ့တဲ့ အသက္ ၃၀အ႐ြယ္ ကစားသမားက ေနာက္ထပ္ အႏိုင္က်င့္ ခြဲျခားမႈေတြကို လက္ခံမွာ မဟုတ္ေတာ့ဘူးလို႔ အသိေပးစကား ဆိုလိုက္ပါတယ္။
“ကြၽန္ေတာ့္ကို ဒါမ်ိဳးထပ္လုပ္ရင္ ဒိုင္ေတြကို ေျပာၿပီး သူတို႔ ဘာလုပ္မလဲ ၾကည့္မယ္၊ ဘာအေရးယူမႈမွ မလုပ္ရင္ ကြၽန္ေတာ္ကေတာ့ ကြင္းထဲက ထြက္သြားမွာပဲ၊ ဘာလို႕လဲဆိုေတာ့ ဒါမ်ိဳးက ဘယ္သူ႔အတြက္မွ မျဖစ္သင့္တဲ့အရာပါ။
တ႐ုတ္မွာတုန္းက ဆိုရင္ နာမည္ေပါင္းစုံ အေခၚခံခဲ့ရတယ္၊ ပြဲၿပီးေတာ့ သူ႔လက္ကိုဆြဲၿပီး ကြၽန္ေတာ္ႏႈ တ္မဆက္ခဲ့ဘူး၊ အဝတ္လဲခန္းထဲ တန္းဝင္သြားတာ၊ ကြၽန္ေတာ္ ေဒါသျဖစ္ခဲ့ၿပီး FA ကို သတင္းပို႔ခဲ့ပါတယ္။ ထပ္ၿပီးေတာ့ေတာ့ ဖိအားမေပးခဲ့ဘူး၊ ဒီတိုင္းပဲ ထားလိုက္ေတာ့တယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္က အဲ့လိုလူမ်ိဳးမဟုတ္ဘူးေလ ၊ ျပႆနာကို ဆြဲမထုတ္ခ်င္ဘူး၊ ဒါေပမယ့္ အဲ့လိုမ်ိဳး ဘယ္ႏိုင္ငံမွာမွ မျဖစ္သင့္ဘူး ထင္တယ္” လို႔ အစ္ဟာလို က ဆိုပါတယ္။
အာဖရိက-အေမရိကန္သား ေဂ်ာ့ဖလြိဳက္ ေသဆုံးခဲ့ရၿပီးေနာက္ လူငယ္မ်ိဳးဆက္ေတြကို ပညာေပးဖို႔ အေရးႀကီးတဲ့အေၾကာင္းကိုလဲ အစ္ဟာလို က ေဝဖန္ခဲ့ပါတယ္။
