ပရိသတ်တွေ မြင်ချင်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ပုံဖော်နေတဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးရှားက သူ့အသင်းသားတွေရဲ့ တိုးတက်လာမှုအပေါ် ကျေနပ်အားရနေပြီး ၎င်းက ပရိသတ်တွေ မြင်ချင်တဲ့ အသင်းမျိုး တည်ဆောက်နေတာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားက ယူနိုက်တက်ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေ ကောင်းမွန်တဲ့ အနာဂတ်ကို ရရှိစေခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ အသင်းက လစာငွေများပြားစွာပေးချေနေရတဲ့ လူကာကူ နဲ့ ဆန်းချက်ဇ်တို့လို ကစားသမားတွေကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီး နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူနိုင်ခဲ့တာဟာ သူတို့အသင်းကို ပိုမိုတိုးတက်မှုတွေ ဖြစ်ပေါ်လာစေခဲ့တဲ့ အပြင် ကလပ် အသင်း က လူငယ်ကစားသမားတွေရဲ့ စွမ်းရည်ကိုလဲ ပိုမို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

” ကျွန်တော်တို့ လူငယ်တွေနဲ့ အသင်းကို တည်ဆောက်နေတာပါ။ ရည်မှန်းချက်ကြီးမားပြီး အကောင်းမြင်တတ်တဲ့ အသင်း တစ်သင်း အဖြစ်နဲ့ တည်ဆောက်နေတာ ဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့ အသင်း အားပေးသူ ပရိသတ်တွေ တွေ့ချင် မြင်ချင်ကြတဲ့ အချက် ဖြစ်ပါတယ်။

နည်းပြ အနေနဲ့လည်း ကျွန်တော်တို့ ကိုယ်တိုင်ကလည်းအဲ့ဒီ့လိုပဲ မြင်ချင်ကြတာပါ။ နည်းပြအဖွဲ့ဝင်တွေအပါအဝင် အသင်းက ဝန်ထမ်းတွေ၊ ကစားသမားတွေစိ တ်ထဲမှာလည်း ယူနိုက်တက်အသင်း ရဲ့ စိတ်ဓာတ်ကိန်းအောင်းနေပါပြီ။ အခုတော့ ရလဒ်ကောင်းတွေ ရလာအောင် စတင်ဖို့ ပဲ ကျန်ပါတော့တယ်။

ကျွန်တော်တို့ အနေနဲ့ ဖြစ်နိုင်ချေရှိတာတွေကို တစ်နေ့လုံး ပြောဆိုနေနိုင်သလို ရလဒ်ကောင်းတွေရရှိအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် ကတော့ ကျွန်တော့် အသင်းရဲ့ လက်ရှိအခြေအနေကြောင့် အရမ်းပဲ အားတက်မိပါတယ်။ ခင်ဗျားတို့လဲ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြုလုပ်နေတဲ့ကျွန်တော့်အသင်းသားတွေကို ကြည့်ပြီး သူတို့ ဘယ်လောက်တိုးတက်လာသလဲဆိုတာ သိနိုင်မှာပါ။

သိပ်မကြာခင်မှာ တကယ့်ပြိုင်ပွဲတွေမှာ သူတို့ဘာလုပ်ပြနိုင်မလဲဆိုတာကို တွေ့မြင်ရတော့မှာပါ။ အသင်းအတွက်လဲ ကျွန်တော်တို့ ရေရှည်မှာ ဘာတွေ စီစဉ်နေတာလဲ ဆိုတာကို ဖော်ပြထားနိုင်ခဲ့ပါပြီ။ ” လို့ ဆိုးရှားက ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္နည္းျပ ဆိုးရွားက သူ႔အသင္းသားေတြရဲ႕ တိုးတက္လာမႈအေပၚ ေက်နပ္အားရေနျပီး ၄င္းက ပရိသတ္ေတြ ျမင္ခ်င္တဲ့ အသင္းမ်ိဳး တည္ေဆာက္ေနတာ ျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ဆိုးလ္ရွားက ယူႏိုက္တက္ဟာ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚကေန ေကာင္းမြန္တဲ့ အနာဂတ္ကို ရရွိေစခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

ယူႏိုက္တက္ဟာ အသင္းက လစာေငြမ်ားျပားစြာေပးေခ်ေနရတဲ့ လူကာကူ နဲ႔ ဆန္းခ်က္ဇ္တို႔လို ကစားသမားေတြကို အသင္းကေန ထြက္ခြာခြင့္ ေပးခဲ့ၿပီး ေနာက္ထပ္ ကစားသမားသစ္ေတြ ေခၚယူႏိုင္ခဲ့တာဟာ သူတို႔အသင္းကို ပိုမိုတိုးတက္မႈေတြ ျဖစ္ေပၚလာေစခဲ့တဲ့ အျပင္ ကလပ္ အသင္း က လူငယ္ကစားသမားေတြရဲ႕ စြမ္းရည္ကိုလဲ ပိုမို ျမႇင့္တင္ေပးႏိုင္ခဲ့ပါတယ္။

” ကြၽန္ေတာ္တို႔ လူငယ္ေတြနဲ႔ အသင္းကို တည္ေဆာက္ေနတာပါ။ ရည္မွန္းခ်က္ႀကီးမားၿပီး အေကာင္းျမင္တတ္တဲ့ အသင္း တစ္သင္း အျဖစ္နဲ႔ တည္ေဆာက္ေနတာ ျဖစ္တယ္။ ဒါဟာ ကြၽန္ေတာ္တို႔ အသင္း အားေပးသူ ပရိသတ္ေတြ ေတြ႔ခ်င္ ျမင္ခ်င္ၾကတဲ့ အခ်က္ ျဖစ္ပါတယ္။

နည္းျပ အေနနဲ႔လည္း ကြၽန္ေတာ္တို႔ ကိုယ္တိုင္ကလည္းအဲ့ဒီ့လိုပဲ ျမင္ခ်င္ၾကတာပါ။ နည္းျပအဖြဲ႕ဝင္ေတြအပါအဝင္ အသင္းက ဝန္ထမ္းေတြ၊ ကစားသမားေတြစိ တ္ထဲမွာလည္း ယူႏိုက္တက္အသင္း ရဲ႕ စိတ္ဓာတ္ကိန္းေအာင္းေနပါၿပီ။ အခုေတာ့ ရလဒ္ေကာင္းေတြ ရလာေအာင္ စတင္ဖို႔ ပဲ က်န္ပါေတာ့တယ္။

ကြၽန္ေတာ္တို႔ အေနနဲ႔ ျဖစ္ႏိုင္ေခ်ရွိတာေတြကို တစ္ေန႔လုံး ေျပာဆိုေနႏိုင္သလို ရလဒ္ေကာင္းေတြရရွိေအာင္ လုပ္ဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္ ကေတာ့ ကြၽန္ေတာ့္ အသင္းရဲ႕ လက္ရွိအေျခအေနေၾကာင့္ အရမ္းပဲ အားတက္မိပါတယ္။ ခင္ဗ်ားတို႔လဲ အသင္းနဲ႔အတူ ေလ့က်င့္ခန္း ျပဳလုပ္ေနတဲ့ကြၽန္ေတာ့္အသင္းသားေတြကို ၾကည့္ၿပီး သူတို႔ ဘယ္ေလာက္တိုးတက္လာသလဲဆိုတာ သိႏိုင္မွာပါ။

သိပ္မၾကာခင္မွာ တကယ့္ၿပိဳင္ပြဲေတြမွာ သူတို႔ဘာလုပ္ျပႏိုင္မလဲဆိုတာကို ေတြ႕ျမင္ရေတာ့မွာပါ။ အသင္းအတြက္လဲ ကြၽန္ေတာ္တို႔ ေရရွည္မွာ ဘာေတြ စီစဥ္ေနတာလဲ ဆိုတာကို ေဖာ္ျပထားႏိုင္ခဲ့ပါၿပီ။ ” လို႔ ဆိုးရွားက ဖြင့္ဟေျပာဆိုသြားခဲ့ပါတယ္။