ယူနိုက်တက်နဲ့ ချယ်ဆီးတို့ မျက်စိကျနေတဲ့ အော့ဘလက်ကို စာချုပ်ပါအတိုင်း လျော်ကြေးရရင် တီကို ရောင်းဖို့ ပြင်






Uni – အက်သလက်တီကိုဟာ အသင်းရဲ့အဓိကဂိုးသမားဖြစ်တဲ့ အော့ဘလက် ကို စာချုပ်ပါလျော်ကြေး ပေါင်း ၁၀၉ သန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် ဂိုးသမားနေရာအတွက် အခက်အခဲရှိနေတဲ့ ချယ်ဆီး နဲ့ ယူနိုက်တက်အသင်းတို့ အပြိုင်ခေါ်ရဖွယ်ရှိနေပါတယ်။

ချယ်ဆီးက ကီပါရဲ့နေရာ၊ ယူနိုက်တက်က ဒီဂီယာတို့ရဲ့နေရာမှာ အစားထိုးဖို့ ဒီနှစ်နွေရာသီမှာ ဂိုးသမားရှာဖွေနေကြတာဖြစ်ပြီး နှစ်သင်းစလုံးက အော့ဘလက်ခ်ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဂိုးသမား သုံးဦးစာရင်းမှာ တစ်ဦးအဖြစ်ပါဝင်နေတဲ့ အော့ဘလက် ဟာ အက်သလက်တီကိုအသင်းရဲ့ အချို့ဆုံးဖြတ်ချက်တွေကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ အသင်းအားကစားဒါရိုက်တာ အန်ဒရီယာဘာတာက ပြောခဲ့ပါ တယ်။ ယူနိုက်တက်ဟာ ရှက်ဖီးယူနိုက်တက်ကို အဌားချထားတဲ့ ဒိန်းဟန်ဒါဆင်ကို ပြန်လည်ခေါ်ယူနိုင်တာကြောင့် အော့ ဘလက်ခ်အနေနဲ့ ချယ်ဆီးကို ရောက်ရှိဖို့ ပိုများတယ်လို့ ထင်ကြေးပေးခံနေရပါတယ်။

ချယ်ဆီးနည်းပြလမ်းပတ်အနေနဲ့ အသင်းကိုပြောင်းလဲမှုပြုလုပ်ဖို့အတွက် လာမယ့်အပြောင်းအရွှေ့မှာ နောက်ခံလူနှစ်ဦးနဲ့ ဂိုးသမားတစ်ဦးတို့ကို ခေါ်ယူဖို့ အစီအစဉ်တွေရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ချယ်ဆီးဟာ အော့ဘလက် အတွက် ပြောင်းရွှေ့ကြေးအများအပြား မသုံးချင်တာကြောင့် ဘာစီလိုနာက တာစတီဂျန်၊ပီအက်စ်ဂျီက အော်ရီအိုလာ၊အေဂျက်က အိုနာနာနဲ့ ဘန်လေက နစ်ပုတ်ခ်တို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ယူနိုက်တက် ကစားသမားဟောင်းဖြစ်တဲ့ ဖာဒီနန်ကတော့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ ပြိုင်ပွဲကနေထွက်ခဲ့ ရတဲ့အတွက် အမှားတွေကျူးလွန်ခဲ့တဲ့ ဒီဂီယာရဲ့နေရာမှာ အော့ဘလက် က အစားထိုးဖို့ အသင့်တော်ဆုံးလူလို့ ပြောခဲ့ ပါတယ်။ယူနိုက်တက်အနေနဲ့ ရှက်ဖီးယူနိုက်တက်မှာ အဌားချထားတဲ့ ဟန်ဒါဆင်ကို ပြန်လည်ခေါ်ယူလို့ရပေမယ့် ကမ္ဘာ့ အဆင့်မီ ဂိုးသမားတစ်ဦးကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။