မာရွယ္ရဲ႕အနီကတ္ အေပၚ ၄င္းအျမင္ ေျပာဆိုခဲ့တဲ့ ယူနိုက္တက္နည္းျပ ဆိုးလ္ရွား
ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက စပါးကို အိမ္ကြင္းမွာလက္ခံကစားခဲ့ရေပမယ့္ ဂိုးျပတ္ရႈံးနိမ့္ခဲ့တာေၾကာင့္ အသင္း ကို နည္းျပအျဖစ္ တာဝန္ယူေနစဥ္အတြင္းမွာ အဆိုးရြားဆံုးေနရက္ကို ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး တိုက္စစ္မွဴး မာရွယ္ရဲ႕ အနီ ကတ္က ရယ္စရာေကာင္းတဲ့ဟာသ တစ္ခုျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။
ယူႏိုက္တက္ဟာ စပါးကို ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ ေပမယ့္ ေျခာက္ဂိုးတစ္ဂိုးနဲ႔ အေရးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။ ပြဲအၿပီး BBC Sport ရဲ႕ ေမးျမန္းမႈကိုေတာ့ ဆိုးလ္ရွားက အခုလို ေျဖၾကားခဲ့တာပါ။

“ ေျပာဖို႔ စကားလံုးမရွိေလာက္ေအာင္ကို ခက္ခဲ့ပါတယ္။ အသင္း မွာ နည္းျပတစ္ေယာက္အျဖစ္နဲ႔ေရာ၊ ကစားသမားဘဝအျဖစ္ပါ ရွိခဲ့တဲ့ ေန႔ရက္ေတြမွာ ဒီရက္က အဆိုးရြားဆံုး ေနရက္ပါပဲ။ ပြဲၿပီးရလဒ္ကို ေတြ႕ၿပီးခ်ိန္မွာ အသင္းအတြက္ ေရွ႕ဆက္ရမယ့္ အေကာင္းဆံုးနည္းလမ္းကို ရွာေဖြရေတာ့မွာပါ။ ကြ်န္ေတာ္ တို႔ အမွားလုပ္ခဲ့ၿပီး ဒီအမွားကေနပဲ သင္ယူသြားရမွာပါ” လို႔ ဆိုးလ္ရွားက ဆိုပါတယ္။
ဆက္လက္ၿပီး ဆိုးလ္ရွားက “ဒီေန႔ အသင္းရဲ႕ကစားပံုက လက္ခံႏိုင္စရာမရွိပါဘူး။ ကြ်န္ေတာ္က အသင္းကို ဦးေဆာင္သူ ျဖစ္တာေၾကာင့္ အသင္းအတြက္ အျပည့္အဝ တာဝန္ယူသြားမွာပါ။ မာရွယ္ရဲ႕ အနီကတ္ ျပစ္ဒဏ္ကေတာ့ တကယ္ကို ရယ္စရာ ေကာင္းပါတယ္။ မာရွယ္အေနနဲ႔လည္း ဒီလိုမ်ိဳး မလုပ္သင့္ဘူးဆိုတာကို သိထားသင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
မာရွယ္ရဲ႕ အနီကတ္ျပစ္ဒဏ္မွာ စပါးကြင္းလယ္လူ လာမီလာက မာရွယ္ကို တြန္းထုတ္ခဲ့ၿပီးေနာက္ မာရွယ္က ျပန္ၿပီး ရိုက္ ခဲ့သလို ျဖစ္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က တိုက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပြဲခ်ိန္ ၂၇ မိနစ္မွာ မာရွယ္အေနနဲ႔ ထုတ္ပယ္ ခံခဲ့ရတာေၾကာင့္ လက္က်န္အခ်ိန္ေတြမွာ ယူႏိုက္တက္ဟာ စပါးကို မယွဥ္ႏိုင္ခဲ့ဘဲ ဂိုးျပတ္အေရး နိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။

Unicode
ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက စပါးကို အိမ်ကွင်းမှာလက်ခံကစားခဲ့ရပေမယ့် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် အသင်း ကို နည်းပြအဖြစ် တာဝန်ယူနေစဉ်အတွင်းမှာ အဆိုးရွားဆုံးနေရက်ကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး တိုက်စစ်မှူး မာရှယ်ရဲ့ အနီ ကတ်က ရယ်စရာကောင်းတဲ့ဟာသ တစ်ခုဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ယူနိုက်တက်ဟာ စပါးကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ ပေမယ့် ခြောက်ဂိုးတစ်ဂိုးနဲ့ အရေးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲအပြီး BBC Sport ရဲ့ မေးမြန်းမှုကိုတော့ ဆိုးလ်ရှားက အခုလို ဖြေကြားခဲ့တာပါ။
“ ပြောဖို့ စကားလုံးမရှိလောက်အောင်ကို ခက်ခဲ့ပါတယ်။ အသင်း မှာ နည်းပြတစ်ယောက်အဖြစ်နဲ့ရော၊ ကစားသမားဘဝအဖြစ်ပါ ရှိခဲ့တဲ့ နေ့ရက်တွေမှာ ဒီရက်က အဆိုးရွားဆုံး နေရက်ပါပဲ။ ပွဲပြီးရလဒ်ကို တွေ့ပြီးချိန်မှာ အသင်းအတွက် ရှေ့ဆက်ရမယ့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေရတော့မှာပါ။ ကျွန်တော် တို့ အမှားလုပ်ခဲ့ပြီး ဒီအမှားကနေပဲ သင်ယူသွားရမှာပါ” လို့ ဆိုးလ်ရှားက ဆိုပါတယ်။
ဆက်လက်ပြီး ဆိုးလ်ရှားက “ဒီနေ့ အသင်းရဲ့ကစားပုံက လက်ခံနိုင်စရာမရှိပါဘူး။ ကျွန်တော်က အသင်းကို ဦးဆောင်သူ ဖြစ်တာကြောင့် အသင်းအတွက် အပြည့်အဝ တာဝန်ယူသွားမှာပါ။ မာရှယ်ရဲ့ အနီကတ် ပြစ်ဒဏ်ကတော့ တကယ်ကို ရယ်စရာ ကောင်းပါတယ်။ မာရှယ်အနေနဲ့လည်း ဒီလိုမျိုး မလုပ်သင့်ဘူးဆိုတာကို သိထားသင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
မာရှယ်ရဲ့ အနီကတ်ပြစ်ဒဏ်မှာ စပါးကွင်းလယ်လူ လာမီလာက မာရှယ်ကို တွန်းထုတ်ခဲ့ပြီးနောက် မာရှယ်က ပြန်ပြီး ရိုက် ခဲ့သလို ဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ မာရှယ်အနေနဲ့ ထုတ်ပယ် ခံခဲ့ရတာကြောင့် လက်ကျန်အချိန်တွေမှာ ယူနိုက်တက်ဟာ စပါးကို မယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်အရေး နိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။
