နံပါတ္ ၇ နဲ႕ ထိုက္တန္ေၾကာင္း သက္ေသျပသြားမယ္ဆိုတဲ့ ယူနိုက္တက္ တိုက္စစ္မွဴးသစ္ ကာဗာနီ
ဥ႐ုေဂြးသား ဝါရင့္ တိုက္စစ္မႉး ကာဗာနီဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ နာမည္ႀကီး ေက်ာနံပါတ္ တစ္ခုျဖစ္တဲ့ နံပါတ္ ၇ ကို ဝတ္ဆင္ ကစားသြားမယ္လို႔ သိရပါတယ္။ အသက္ ၃၃ႏွစ္အ႐ြယ္ ဝါရင့္တိုက္စစ္မႉး ကာဗာနီဟာ ယူနိုက္တက္ ထံကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕လာတဲ့ ကစားသမား တစ္ဦးျဖစ္ၿပီး အသင္းမွာ တစ္ပတ္ လုပ္ခ ေပါင္ ၂၅၀၀၀၀ ဝန္းက်င္ ရရွိမွာျဖစ္ကာ ၂ႏွစ္သက္တမ္း ရွိတဲ့ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့သူလည္း ျဖစ္ပါတယ္။

ယူနိုက္တက္ ဟာ အသင္းရဲ႕ နာမည္ႀကီး ကစားသမားေဟာင္း တစ္ဦးျဖစ္တဲ့ ႐ိုနယ္ဒို ထြက္ခြာသြားၿပီး ေနာက္ပိုင္း နံပါတ္ ၇ က်ိန္စာ သင့္ေနတဲ့ အသင္းတစ္သင္းအျဖစ္ နာမည္ႀကီးၿပီး ႐ိုနယ္ဒို ေနာက္ပိုင္းမွာ ဆန္းခ်က္၊ ဒီမာရီယာ၊ အိုဝင္၊ ဒီပိုင္း၊ ဗလင္စီယာ စတဲ့ ကစားသမားေတြဟာ ေက်ာနံပါတ္ ရကို ဆက္ခံခဲ့ၾကေပမယ့္ အသင္းနဲ႔အတူ ေအာင္ျမင္ခဲ့ျခင္း မရွိပါဘူး။
ဒါ့ေၾကာင့္ ဝါရင့္ ကစားသမား တစ္ဦးျဖစ္တဲ့ ကာဗာနီကို ေက်ာနံပါတ္ ၇ ေပးခဲ့တဲ့ မန္ယူအသင္းရဲ႕ ဆုံးျဖတ္ခ်က္အား နားမလည္သူေတြ မ်ားျပားေနၿပီး ကာဗာနီကို ေက်ာနံပါတ္ ၇ ေပးမယ့္အစား အသင္းရဲ႕ လူငယ္ ကစားသမား တစ္ဦးကို ေက်ာနံပါတ္ ၇ ေပးသင့္တယ္လို႔ သံုးသပ္မႈေတြ ရွိေနပါတယ္။
ဒါေပမယ့္ ကာဗာနီကေတာ့ သူ႔အေနနဲ႔ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ဖို႔ ယုံၾကည္မႈ အျပည့္ရွိေၾကာင္းနဲ႔ ေက်ာနံပါတ္ ရနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းေကာင္းကို ျပသႏိုင္ဖို႔ ႀကိဳးစားသြားမယ္ လို႔ ကတိေပးသြားပါတယ္။
ကာဗာနီက “ ယူနိုက္တက္ အတြက္ ေက်ာနံပါတ္ ရကို ဝတ္ဆင္ ကစားရတာက ကြၽန္ေတာ့္အတြက္ေတာ့ ဂုဏ္ယူစရာ တစ္ခုပါပဲ။ အခုေတာ့ ကြၽန္ေတာ္က ေက်ာနံပါတ္ ရနဲ႔ ထိုက္တန္တဲ့ တာဝန္ယူမႈကို ျပဳလုပ္ႏိုင္ဖို႔ ႀကိဳးစားသြားေတာ့မွာပါ။ အဆင္သင့္ျဖစ္ေနဖို႔ ကြၽန္ေတာ္ အေကာင္းဆုံး ႀကိဳးစားသြားမယ္။ ၿပီးေတာ့ ေက်ာနံပါတ္ ၇ ဝတ္ဆင္ ကစားၿပီး ယူနိုက္တက္ မွာ ကြၽန္ေတာ္ရဲ႕ ကိုယ္ပိုင္ အမွတ္အသား တစ္ခုကို ခ်န္ရစ္ သြားမွာပါ “ ဆိုၿပီး ေျပာၾကားသြားခဲ့ပါတယ္။

Unicode
ဥရုဂွေးသား ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နာမည်ကြီး ကျောနံပါတ် တစ်ခုဖြစ်တဲ့ နံပါတ် ၇ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ်။ အသက် ၃၃နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ ယူနိုက်တက် ထံကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသင်းမှာ တစ်ပတ် လုပ်ခ ပေါင် ၂၅၀၀၀၀ ဝန်းကျင် ရရှိမှာဖြစ်ကာ ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။
ယူနိုက်တက် ဟာ အသင်းရဲ့ နာမည်ကြီး ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ရိုနယ်ဒို ထွက်ခွာသွားပြီး နောက်ပိုင်း နံပါတ် ၇ ကျိန်စာ သင့်နေတဲ့ အသင်းတစ်သင်းအဖြစ် နာမည်ကြီးပြီး ရိုနယ်ဒို နောက်ပိုင်းမှာ ဆန်းချက်၊ ဒီမာရီယာ၊ အိုဝင်၊ ဒီပိုင်း၊ ဗလင်စီယာ စတဲ့ ကစားသမားတွေဟာ ကျောနံပါတ် ရကို ဆက်ခံခဲ့ကြပေမယ့် အသင်းနဲ့အတူ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။
ဒါ့ကြောင့် ဝါရင့် ကစားသမား တစ်ဦးဖြစ်တဲ့ ကာဗာနီကို ကျောနံပါတ် ၇ ပေးခဲ့တဲ့ မန်ယူအသင်းရဲ့ ဆုံးဖြတ်ချက်အား နားမလည်သူတွေ များပြားနေပြီး ကာဗာနီကို ကျောနံပါတ် ၇ ပေးမယ့်အစား အသင်းရဲ့ လူငယ် ကစားသမား တစ်ဦးကို ကျောနံပါတ် ၇ ပေးသင့်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဒါပေမယ့် ကာဗာနီကတော့ သူ့အနေနဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ဖို့ ယုံကြည်မှု အပြည့်ရှိကြောင်းနဲ့ ကျောနံပါတ် ရနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းကို ပြသနိုင်ဖို့ ကြိုးစားသွားမယ် လို့ ကတိပေးသွားပါတယ်။
ကာဗာနီက “ ယူနိုက်တက် အတွက် ကျောနံပါတ် ရကို ဝတ်ဆင် ကစားရတာက ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာ တစ်ခုပါပဲ။ အခုတော့ ကျွန်တော်က ကျောနံပါတ် ရနဲ့ ထိုက်တန်တဲ့ တာဝန်ယူမှုကို ပြုလုပ်နိုင်ဖို့ ကြိုးစားသွားတော့မှာပါ။ အဆင်သင့်ဖြစ်နေဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမယ်။ ပြီးတော့ ကျောနံပါတ် ၇ ဝတ်ဆင် ကစားပြီး ယူနိုက်တက် မှာ ကျွန်တော်ရဲ့ ကိုယ်ပိုင် အမှတ်အသား တစ်ခုကို ချန်ရစ် သွားမှာပါ “ ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
