မာတင္ကီယြန္နဲ႕ ခေရာ့ခ်္တို႔ တခုတ္တရ ခ်ီးက်ဴးခဲ့ရတဲ့ အာဆင္နယ္ အသင္းသား

ေဘာလုံးေဝဖန္သုံးသပ္သူေတြအျဖစ္ ေဆာင္႐ြက္ေနတဲ့ မာတင္ကီယြန္ နဲ႔ ပီတာခေရာ့ခ်္တို႔ကေတာ့ ညက အာဆင္နယ္ရဲ႕ ရက္ပစ္ ဗီယင္နာ အသင္းကို အႏိုင္ရရွိခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲၿပီးေနာက္ အာဆင္နယ္ ကစားသမား မစ္လန္းႏိုင္းစ္ရဲ႕စြမ္းေဆာင္ရည္ကို တခုတရ ခ်ီးက်ဴးစကား ဆိုခဲ့ၾကပါတယ္။

ထိုပြဲကို အာဆင္နယ္ဟာ ပရိသတ္ ၂၀၀၀ ရဲ႕ေရွ႕မွာ ကစားခဲ့ရၿပီး ရက္ပစ္ ဗီယင္နာ အသင္းကို ၄-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ကာ ယူ႐ိုပါလိဂ္ ရာႏႈန္းျပည့္ နုိင္တဲ့မွတ္တမ္း ကို ဆက္ထိန္းႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ရက္ပစ္ ဗီယင္နာ ကို လာကာဇက္တီ၊ မာရိ ၊ အန္ကီးတီးယားတို႔ရဲ႕ဂိုးေတြနဲ႔ ပထမပိုင္းကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ဒုတိယပိုင္းမွာ စမစ္႐ိုရဲ႕ အဆုံးသတ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၴဝင္ မာတင္ကီယြန္ နဲ႔ လီဗာပူး တိုက္စစ္မွဴးေဟာင္း ပီတာခေရာ့ခ်္ကေတာ့ မစ္လန္းႏိုင္းစ္ရဲ႕ စြမ္းေဆာင္ရည္ကို ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ပါတယ္။

“မစ္လန္းႏိုင္းစ္က ကြင္းလယ္မွာ အေကာင္းဆုံး ကစားႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္သူ႔ကို အဲ့ေနရာမွာႀကိဳက္ပါတယ္။ အဲ့ေနရာမွာ သူက ယုံၾကည္မႈ အျပည့္ ရွိပုံပါပဲ”လို႔ ခေရာ့ခ်္က ေျပာၾကားခဲ့ပါတယ္။

“သူ(မစ္လန္းႏိုင္းစ္)က ကြၽန္ေတာ့္ကို အထင္ႀကီးသြားေစပါတယ္။ သူ႔အတြက္ အဲ့ေနရာက ေနရာမွန္လိုျဖစ္သြားခဲ့ပါတယ္”လို႔ မာတင္ကီယြန္ကလည္း ေထာက္ခံစကား ေျပာၾကားခဲ့ပါတယ္။

Unicode

ဘောလုံးဝေဖန်သုံးသပ်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ မာတင်ကီယွန် နဲ့ ပီတာခရော့ချ်တို့ကတော့ ညက အာဆင်နယ်ရဲ့ ရက်ပစ် ဗီယင်နာ အသင်းကို အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ပွဲပြီးနောက် အာဆင်နယ် ကစားသမား မစ်လန်းနိုင်းစ်ရဲ့စွမ်းဆောင်ရည်ကို တခုတရ ချီးကျူးစကား ဆိုခဲ့ကြပါတယ်။

ထိုပွဲကို အာဆင်နယ်ဟာ ပရိသတ် ၂၀၀၀ ရဲ့ရှေ့မှာ ကစားခဲ့ရပြီး ရက်ပစ် ဗီယင်နာ အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ယူရိုပါလိဂ် ရာနှုန်းပြည့် နိုင်တဲ့မှတ်တမ်း ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ရက်ပစ် ဗီယင်နာ ကို လာကာဇက်တီ၊ မာရိ ၊ အန်ကီးတီးယားတို့ရဲ့ဂိုးတွေနဲ့ ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းမှာ စမစ်ရိုရဲ့ အဆုံးသတ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂန္ထဝင် မာတင်ကီယွန် နဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်ကတော့ မစ်လန်းနိုင်းစ်ရဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

“မစ်လန်းနိုင်းစ်က ကွင်းလယ်မှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်သူ့ကို အဲ့နေရာမှာကြိုက်ပါတယ်။ အဲ့နေရာမှာ သူက ယုံကြည်မှု အပြည့် ရှိပုံပါပဲ”လို့ ခရော့ချ်က ပြောကြားခဲ့ပါတယ်။

“သူ(မစ်လန်းနိုင်းစ်)က ကျွန်တော့်ကို အထင်ကြီးသွားစေပါတယ်။ သူ့အတွက် အဲ့နေရာက နေရာမှန်လိုဖြစ်သွားခဲ့ပါတယ်”လို့ မာတင်ကီယွန်ကလည်း ထောက်ခံစကား ပြောကြားခဲ့ပါတယ်။