မန်ချက်စတာ ယူနိုက်တက် ပရီးမီးယားလိဂ် ဖလားယူဖို့ လိုပြီ လို့ ပြောထားတဲ့ ရော်နယ်ဒို
ခရစ္စတီယာနို ရော်နယ်ဒိုက ယူနိုက်တက်ကို ပြောင်းရွှေ့မှု အတည်ဖြစ်ခဲ့ပြီးနောက် အသင်းဖော်သစ်တွေကို ပရီးမီးယားလိဂ် ဆွတ်ခူးဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ ပေါ်တူဂီဂန္တဝင်ဟာ ပြီးခဲ့တဲ့ အပတ်က ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၃၆နှစ်သားဟာ အိုးထရက်ဖို့ဒ်မှာ ပထမကစားခဲ့စဉ်က အောင်မြင်တဲ့ ၆ရာသီကို ဖြတ်သန်းခဲ့ပြီး ဂိုး၁၀၀ကျော် သွင်းနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၃ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာလည်း တစ်ဦးချင်းနဲ့ အသင်းလိုက် အောင်မြင်မှုတွေ များစွာရရှိခဲ့ပြီး ယခု အိုးထရက်ဖို့ဒ်ကို ဒုတိယအကြိမ် ပြန်လာချိန်မှာ ဆုဖလားတွေ ထပ်မံရယူလိုနေတာ ဖြစ်ပါတယ်။
The Sun သတင်းစာ ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကို အတည်ပြုခဲ့ပြီးနောက် ရော်နယ်ဒိုက ပရီးမီးယားလိဂ်ဖလား ရယူဖို့လိုကြောင်း အသင်းဖော်တွေကို ဆက်သွယ်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ယမန်နှစ်ရာသီက မန်စီးတီးနဲ့ ၁၂မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး ယခုနှစ် ပွဲဦးထွက် ၃ပွဲမှာ ၇မှတ် ရထားပါတယ်။ ရော်နယ်ဒိုဟာ မန်စီးတီးကို ပြောင်းဖို့ နီးစပ်ခဲ့ပေမဲ့ နည်းပြကြီး ဖာဂူဆန်ရဲ့ ကြားဝင် စည်းရုံးပေးခဲ့မှုကြောင့် ယူနိုက်တက်ကို ပြန်ရောက်လာပါတယ်။
aပါ်တူဂီသားဟာ ကြာသပတေးနေ့က မန်ချက်စတာကို ရောက်လာခဲ့ပြီး အသင်းဖော်ဟောင်းနဲ့ လက်ရှိ နည်းစနစ်ဒါရိုက်တာ ဖလက်ချာက လာရောက်နှုတ်ဆက်ခဲ့ပါတယ်။ အသင်းခေါင်းဆောင် မက်ဂွါရီကတော့ ရော်နယ်ဒို ပြန်ရောက်လာမှုကို ချီးကျူးခဲ့ပြီး ယူနိုက်တက်က အကောင်းဆုံး ကစားသမားကို ခေါ်ယူခဲ့တာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ZG
ခရစၥတီယာႏို ေရာ္နယ္ဒိုက ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕မႈ အတည္ျဖစ္ခဲ့ၿပီးေနာက္ အသင္းေဖာ္သစ္ေတြကို ပရီးမီးယားလိဂ္ ဆြတ္ခူးဖို႔ လိုအပ္ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့ပါတယ္။ ေပၚတူဂီဂႏၲဝင္ဟာ ၿပီးခဲ့တဲ့ အပတ္က ဂ်ဴဗင္တပ္စ္ကေန ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
၃၆ႏွစ္သားဟာ အိုးထရက္ဖို႔ဒ္မွာ ပထမကစားခဲ့စဥ္က ေအာင္ျမင္တဲ့ ၆ရာသီကို ျဖတ္သန္းခဲ့ၿပီး ဂိုး၁၀၀ေက်ာ္ သြင္းႏိုင္ခဲ့ကာ ပရီးမီးယားလိဂ္ဖလား ၃ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို ဆြတ္ခူးခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္မွာလည္း တစ္ဦးခ်င္းနဲ႔ အသင္းလိုက္ ေအာင္ျမင္မႈေတြ မ်ားစြာရရွိခဲ့ၿပီး ယခု အိုးထရက္ဖို႔ဒ္ကို ဒုတိယအႀကိမ္ ျပန္လာခ်ိန္မွာ ဆုဖလားေတြ ထပ္မံရယူလိုေနတာ ျဖစ္ပါတယ္။
The Sun သတင္းစာ ရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္နဲ႔ အေျပာင္းအေ႐ႊ႕ကို အတည္ျပဳခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုက ပရီးမီးယားလိဂ္ဖလား ရယူဖို႔လိုေၾကာင္း အသင္းေဖာ္ေတြကို ဆက္သြယ္ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ ယမန္ႏွစ္ရာသီက မန္စီးတီးနဲ႔ ၁၂မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ခဲ့ၿပီး ယခုႏွစ္ ပြဲဦးထြက္ ၃ပြဲမွာ ၇မွတ္ ရထားပါတယ္။ ေရာ္နယ္ဒိုဟာ မန္စီးတီးကို ေျပာင္းဖို႔ နီးစပ္ခဲ့ေပမဲ့ နည္းျပႀကီး ဖာဂူဆန္ရဲ႕ ၾကားဝင္ စည္း႐ုံးေပးခဲ့မႈေၾကာင့္ ယူႏိုက္တက္ကို ျပန္ေရာက္လာပါတယ္။
aပၚတူဂီသားဟာ ၾကာသပေတးေန႔က မန္ခ်က္စတာကို ေရာက္လာခဲ့ၿပီး အသင္းေဖာ္ေဟာင္းနဲ႔ လက္ရွိ နည္းစနစ္ဒါ႐ိုက္တာ ဖလက္ခ်ာက လာေရာက္ႏႈတ္ဆက္ခဲ့ပါတယ္။ အသင္းေခါင္းေဆာင္ မက္ဂြါရီကေတာ့ ေရာ္နယ္ဒို ျပန္ေရာက္လာမႈကို ခ်ီးက်ဴးခဲ့ၿပီး ယူႏိုက္တက္က အေကာင္းဆုံး ကစားသမားကို ေခၚယူခဲ့တာ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။
