ကြာသပတေးနေ့ ညပိုင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ စုစည်းမှု
အာဆင်နယ်အနေနဲ့ လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူသင့်တဲ့ ကစားသမားတွေ အဖြစ် တိုရီနို တိုက်စစ်မှူး ဘီလော့တီ၊ အေစီ ကွင်းလယ်လူ ကက်ဆီ၊ ဂလာဘတ်ချ်ကွင်းလယ် ဇာကာရီယာနဲ့ အေစီမီလန်က ရိုမန်နိုလီတို့ကို All Football က ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်နည်းပြအာတီတာက အာဆင်နယ်ရဲ့ ကစားကွက်မှာ သူ့အနေနဲ့ ကွင်းလယ်လူသောမတ်ပါတေးကို အဓိကအား တည်ဆောက် လိုနေကြောင်း ESPN က ဆိုပါတယ်။ အာတီတာဟာ ပါတေးကိုအားကိုးတကြီး ခေါ်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။

ပရီးမီးယားလိဂ်ကလပ် ဘရန်ုဖို့ဒ်နည်းပြ သောမတ်ဖရန့်ကသူ့အနေနဲ့ အာဆင်နယ်နဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် ရင်ခုန်မိကြောင်း၊ ဒါပေမဲ့ လက်ရှိမှာ သူ့အနေနဲ့ ဘရန်ဖု့ိဒ်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိနေပြီးအသင်းမှာ ပျော်ရွှင်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။
တူရကီထိပ်သီးကလပ် ဖီနာဘာချီအနေနဲ့ အာဆင်နယ်နောက်ခံလူ ကိုလာစီနက်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဦးမှာ ဖြစ်ပါတယ်။ ဖီနာဘာချီအနေနဲ့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကတည်းက ကိုလာစီနက်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့တာပါ။
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနည်းပြ ဂွါဒီယိုလာက အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ဆိုစီဒက်တိုက်စစ်မူှး အီဆစ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ ကွင်းလယ်လူ ဝီလ်ရှိုင်းယားဟာ လက်ရှိအချိန်မှာ သူ့အနေနဲ့ နည်းပြလက်မှတ်ရဖို့ ကြိုးပမ်းနေကြောင်း၊ အာဆင်နယ်က သူ့ကို ကူညီပေးနေသလို မိမိကလည်း လူငယ်တွေကို ပြန်ကူညီပေးနေကြောင်း၊ အနာဂတ်မှာ တစ်ခုခုလုပ်မှာဖြစ်ပေမဲ့ လက်ရှိမှာ ဘောလုံးကစားချင်သေးကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ကစားသမားဟောင်း ရေး ပါလာက အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဦးမှာမဟုတ်ဘဲ အဆင့် ၅၊ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်မှာဖြစ်ကြောင်း၊ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ စပါး၊ ဝက်စ်ဟမ်း၊ အဲဗာတန်တို့နဲ့သာ အဓိကထား ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ZG
အာဆင္နယ္အေနနဲ႔ လာမဲ့ေႏြရာသီ အေျပာင္းအေရႊ႕မွာ ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေခၚယူသင့္တဲ့ ကစားသမားေတြ အျဖစ္ တုိရီႏို တိုက္စစ္မွဴး ဘီေလာ့တီ၊ ေအစီ ကြင္းလယ္လူ ကက္ဆီ၊ ဂလာဘတ္ခ်္ကြင္းလယ္ ဇာကာရီယာနဲ႔ ေအစီမီလန္က ရိုမန္ႏိုလီတို႔ကို All Football က ေဖာ္ျပခဲ့ပါတယ္။
အာဆင္နယ္နညး္ျပအာတီတာက အာဆင္နယ္ရဲ႕ ကစားကြက္မွာ သူ႔အေနနဲ႔ ကြင္းလယ္လူေသာမတ္ပါေတးကို အဓိကအား တည္ေဆာက္ လိုေနေၾကာင္း ESPN က ဆိုပါတယ္။ အာတီတာဟာ ပါေတးကိုအားကိုးတႀကီး ေခၚခဲ့ေပမဲ့ ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ခဲ့ရတာပါ။
ပရီးမီးယားလိဂ္ကလပ္ ဘရန္ုဖုိ႔ဒ္နညး္ျပ ေသာမတ္ဖရန္႔ကသူ ႔အေနနဲ႔ အာဆင္နယ္နဲ႔ ထြက္ေပၚေနတဲ့ သတင္းေတြအေပၚ ရင္ခုန္မိေၾကာင္း၊ ဒါေပမဲ့ လက္ရွိမွာ သူ႔အေနနဲ႔ ဘရန္ဖု႔ိဒ္နဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ရွိေနၿပီးအသင္းမွာ ေပ်ာ္ရႊင္ေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
တူရကီထိပ္သီးကလပ္ ဖီနာဘာခ်ီအေနနဲ႔ အာဆင္နယ္ေနာက္ခံလူ ကိုလာစီနက္ကို ေခၚယူဖို႔ ႀကိဳးပမ္းသြားဦးမွာ ျဖစ္ပါတယ္။ ဖီနာဘာခ်ီအေနနဲ႔ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကတည္းက ကိုလာစီနက္ကို ေခၚယူဖုိ႔ ႀကိဳးပမး္ခဲ့ေပမဲ့ မေအာင္ျမင္ခဲ့တာပါ။
ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးနည္းျပ ဂြါဒီယိုလာက အာဆင္နယ္ပစ္မွတ္ထားေနတဲ့ ဆိုစီဒက္တုိက္စစ္မဴွး အီဆစ္ကို ေခၚယူဖို႔ ႀကိဳးပမ္းလာခဲ့ၿပီ ျဖစ္ပါတယ္။ မန္စီးတီးအေနနဲ႔ တုိက္စစ္မွဴးတစ္ဦးေခၚယူဖုိ႔႔ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းမွာ ေလ့က်င့္ခန္း ျပန္ဆင္းေနတဲ့ ကြငး္လယ္လူ ၀ီလ္ရိႈင္းယားဟာ လက္ရွိအခ်ိန္မွာ သူ႔အေနနဲ႔ နည္းျပလက္မွတ္ရဖုိ႔ ႀကိဳးပမ္းေနေၾကာင္း၊ အာဆင္နယ္က သူ႔ကို ကူညီေပးေနသလို မိမိကလည္း လူငယ္ေတြကို ျပန္ကူညီေပးေနေၾကာငး္၊ အနာဂတ္မွာ တစ္ခုခုလုပ္မွာျဖစ္ေပမဲ့ လက္ရွိမွာ ေဘာလံုးကစားခ်င္ေသးေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
အာဆင္နယ္ကစားသမားေဟာငး္ ေရး ပါလာက အာဆင္နယ္အေနနဲ႔ ဒီရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိဦးမွာမဟုတ္ဘဲ အဆင့္ ၅၊ အဆင့္ ၆ ေနရာမွာသာ ရပ္တည္ႏဳိင္မွာျဖစ္ေၾကာင္း၊ အာဆင္နယ္အေနနဲ႔ ဒီရာသီမွာ စပါး၊ ၀က္စ္ဟမ္း၊ အဲဗာတန္တုိ႔နဲ႔သာ အဓိကထား ယွဥ္ၿပိဳင္ရမွာျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။
