ခြေသံလုံလုံနဲ့ နိုင်ပွဲတွေ ယူပြီး ဇယား ထိပ်ပိုင်းထဲ ဝင်ဖို့ ခြေလှမ်း ပြင်လာတဲ့ ဂန်းနားများ

အာဆင်နယ်ဟာ ဒီနေ့ပွဲမှာ သေချာလေးပြင်ဆင်လာခဲ့ပြီး လက်စတာကို စောစောစီးစီးဦးဆောင်နိုင်ခဲ့ကာ ပထမပိုင်း ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားအားအနည်းငယ်ချခဲ့တာကြောင့် စိုးရိမ်ခဲ့ရပါတယ်။

လက်စတာ ချေပဂိုးတွေရဖို့ နီးစပ်ခဲ့ပေမယ့် အာရွန်ရမ်စ်ဒဲလ် ရဲ့လက်စွမ်းက အာဆင်နယ်ရဲ့နိုင်ပွဲမှာ အဓိက အခရာ ကျခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းတုန်းကလည်း ဒီနှစ်ပိုင်းတွေအတွင်း သူမြင်ဖူးတဲ့ ကာကွယ်မှုတွေထဲမှာ အကောင်းဆုံး ကာကွယ်မှုဖြစ်တယ်လို့ မန်ယူနိုက်တက်ဂန္ထဝင်ဂိုးသမား ပီတာရှမိုက်ကယ်က ချီးကျူးခဲ့ရတဲ့အထိ မက်ဒီဆင်ရဲ့ ဖရီးကစ်ကို ကာကွယ်ပြသွားပါတယ်။ အင်္ဂလန်သားဟာ ဒုတိယပိုင်းမှာလည်း လက်စတာရဲ့ အခွင့်အရေးပေါင်းများစွာကို တားဆီးသွားခဲ့ပြန်ပါတယ်။

လက်စတာကတော့ ပထမပိုင်းမှာ ကစားပုံ အားရစရာမရှိပဲ မက်ဒီဆင်ရဲ့ ဖရီးကစ်ကန်ချက်လောက်သာ ရရှိခဲ့ကာ ဒုတိယပိုင်းမှာမှ ချေပဂိုး ရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့တာပါ။ ဒါပေမယ့် အာဆင်နယ်နောက်တန်း နဲ့ ရမ်စ်ဒေးလ်ရဲ့ လက်စွမ်းကြောင့် အိမ်ကွင်းမှာ သိက္ခာဆယ် တစ်ဂိုးလောက်တောင် ပြန်မယူနိုင်ခဲ့ဘဲ ရမှတ် ဗလာသာ ရရှိခဲ့ပါတယ်။

ရာသီအစရလဒ်တွေ ဆိုးရွားခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ အာဆင်နယ်ရဲ့ ထင်ရှားတဲ့ တိုးတက်မှုတွေထဲက တစ်ခုကတော့ တည်ကန်ဘောကနေ ဂိုးတွေ ခပ်စိပ်စိပ် ရလာတာ ဖြစ်ပါတယ်။

လက်စတာကို နိုင်တဲ့ ပွဲ အပြီးမှာ အာဆင်နယ် အသင်းက အမှတ်ပေးဇယား အဆင့် ၅ နေရာထိ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲမရှိဘဲ အရှိန်ကောင်းကောင်းနဲ့‌ ချီတက်နေတဲ့ ဂန်းနားတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်ပါ မျှော်လင့်လာနိုင်တော့မှာပါ။

Zawgyi

အာဆင္နယ္ဟာ ဒီေန႔ပြဲမွာ ေသခ်ာေလးျပင္ဆင္လာခဲ့ၿပီး လက္စတာကို ေစာေစာစီးစီးဦးေဆာင္ႏိုင္ခဲ့ကာ ပထမပိုင္း ၂ ဂိုးျပတ္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ကစားအားအနည္းငယ္ခ်ခဲ့တာေၾကာင့္ စိုးရိမ္ခဲ့ရပါတယ္။

လက္စတာ ေခ်ပဂိုးေတြရဖို႔ နီးစပ္ခဲ့ေပမယ့္ အာ႐ြန္ရမ္စ္ဒဲလ္ ရဲ႕လက္စြမ္းက အာဆင္နယ္ရဲ႕ႏိုင္ပြဲမွာ အဓိက အခရာ က်ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းတုန္းကလည္း ဒီႏွစ္ပိုင္းေတြအတြင္း သူျမင္ဖူးတဲ့ ကာကြယ္မႈေတြထဲမွာ အေကာင္းဆုံး ကာကြယ္မႈျဖစ္တယ္လို႔ မန္ယူႏိုက္တက္ဂႏၴဝင္ဂိုးသမား ပီတာရွမိုက္ကယ္က ခ်ီးက်ဴးခဲ့ရတဲ့အထိ မက္ဒီဆင္ရဲ႕ ဖရီးကစ္ကို ကာကြယ္ျပသြားပါတယ္။ အဂၤလန္သားဟာ ဒုတိယပိုင္းမွာလည္း လက္စတာရဲ႕ အခြင့္အေရးေပါင္းမ်ားစြာကို တားဆီးသြားခဲ့ျပန္ပါတယ္။

လက္စတာကေတာ့ ပထမပိုင္းမွာ ကစားပုံ အားရစရာမရွိပဲ မက္ဒီဆင္ရဲ႕ ဖရီးကစ္ကန္ခ်က္ေလာက္သာ ရရွိခဲ့ကာ ဒုတိယပိုင္းမွာမွ ေခ်ပဂိုး ရႏိုင္မယ့္ အခြင့္အေရးေတြ ရရွိခဲ့တာပါ။ ဒါေပမယ့္ အာဆင္နယ္ေနာက္တန္း နဲ႔ ရမ္စ္ေဒးလ္ရဲ႕ လက္စြမ္းေၾကာင့္ အိမ္ကြင္းမွာ သိကၡာဆယ္ တစ္ဂိုးေလာက္ေတာင္ ျပန္မယူနုိင္ခဲ့ဘဲ ရမွတ္ ဗလာသာ ရရွိခဲ့ပါတယ္။

ရာသီအစရလဒ္ေတြ ဆိုး႐ြားခဲ့ေပမဲ့ တျဖည္းျဖည္းနဲ႔ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာတဲ့ အာဆင္နယ္ရဲ႕ ထင္ရွားတဲ့ တိုးတက္မႈေတြထဲက တစ္ခုကေတာ့ တည္ကန္ေဘာကေန ဂိုးေတြ ခပ္စိပ္စိပ္ ရလာတာ ျဖစ္ပါတယ္။

လက္စတာကို နိုင္တဲ့ ပြဲ အျပီးမွာ အာဆင္နယ္ အသင္းက အမွတ္ေပးဇယား အဆင့္ ၅ ေနရာထိ တက္လွမ္းလာနိုင္ခဲ့ျပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ၿပိဳင္ပြဲစုံ ၉ ပြဲဆက္ ရႈံးပြဲမရွိဘဲ အရွိန္ေကာင္းေကာင္းနဲ႔‌ ခ်ီတက္ေနတဲ့ ဂန္းနားတို႔ဟာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ပါ ေမွ်ာ္လင့္လာနုိင္ေတာ့မွာပါ။