မနက်ဖြန် လိဒ်စ်နဲ့ အာဆင်နယ် ပွဲစဉ် အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

အာဆင်နယ်ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘီရယ်ဆာရဲ့ လိဒ်စ် ယူနိုက်တက် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ ဒီ စနေနေ့ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က လိဒ်စ်နဲ့ အာဆင်နယ်တို့ ပွဲစဉ်အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အီတီဟတ်မှာ ဖြစ်ခဲ့တာကို ဘီယယ်ဆာ အနေနဲ့ မယုံနိုင်လောက်အောင် ဖြစ်နေမှာပါ။ ဒါဟာ အာဂျင်တီးနား နည်းပြရဲ့ career မှာ အဆိုးဆုံး ရလဒ်တွေထဲက တစ်ခု ဖြစ်ပြီး ခြေစွမ်း အတော်ဆိုးခဲ့ပါတယ်။

လိဒ်အနေနဲ့ အိမ်ကွင်းမှာ သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ပြသဖို့ အသဲအသန် လိုနေပါတယ်။ တနင်္လာနေ့က ဝက်ဟမ်းကို နိုင်ခဲ့တာကြောင့် အာဆင်နယ်ဟာ အဆင့် ၄ နေရာကို တက်လာခဲ့ပါတယ်။ ရာသီအစမှာ တာထွက်ဆိုးခဲ့တာကြောင့် သူတို့ ဒီနေရာကို တက်လာမယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ ဒါဟာ အတော်ကောင်းတဲ့ စွမ်းဆောင်ရည်ပါ။

ဒီပွဲအတွက် အနေအထားက သိပ်ကို ကောင်းမွန်နေပါလိမ့်မယ်။ လိဒ်ဟာ ဒီရာသီမှာ တန်းဆင်းဇုန် တိုက်ပွဲ ဆင်နွှဲသွားရမယ့် အသင်း ဖြစ်ပါတယ်။ သူတို့ အနေနဲ့ ဒီရာသီကို ကောင်းစွာ ပြန်လည် စတင်ဖို့ အတွက် big win ကို လိုအပ်နေပါတယ်။ ကျွန်တော်ကတော့ သူတို့ ဒီပွဲမှာ လုပ်နိုင်မယ်လို့ မြင်မိပါတယ်။ လိဒ်တို့ အနိုင်ရသွားမယ်လို့ ကျွန်တော် ရွေးပါတယ်။” လို့ အိုဝင်က ဆိုထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ လိဒ်ယူနိုက်တက် ၂-၁ အာဆင်နယ် ဖြစ်ပါတယ်။

ZG

အာဆင္နယ္ဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာ ဘီရယ္ဆာရဲ႕ လိဒ္စ္ ယူနိုက္တက္ အသင္းနဲ႕ ေတြ႔ဆံုေနျပီး အေဝးကြင္း သြားေရာက္ ရင္ဆိုင္ရမွာပါ။ ဒီနွစ္သင္းဟာ ဒီ စေနေန႔ည ၁၂ နာရီမွာ ယွဥ္ျပိဳင္ၾကမွာ ျဖစ္ပါတယ္။

နာမည္ေက်ာ္ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္က လိဒ္စ္နဲ႕ အာဆင္နယ္တို႔ ပြဲစဥ္အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” အီတီဟတ္မွာ ျဖစ္ခဲ့တာကို ဘီယယ္ဆာ အေနနဲ႔ မယုံႏိုင္ေလာက္ေအာင္ ျဖစ္ေနမွာပါ။ ဒါဟာ အာဂ်င္တီးနား နည္းျပရဲ႕ career မွာ အဆိုးဆုံး ရလဒ္ေတြထဲက တစ္ခု ျဖစ္ၿပီး ေျခစြမ္း အေတာ္ဆိုးခဲ့ပါတယ္။

လိဒ္အေနနဲ႔ အိမ္ကြင္းမွာ သူတို႔ရဲ႕ အေကာင္းဆုံး ပုံစံကို ျပသဖို႔ အသဲအသန္ လိုေနပါတယ္။ တနလၤာေန႔က ဝက္ဟမ္းကို ႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္ဟာ အဆင့္ ၄ ေနရာကို တက္လာခဲ့ပါတယ္။ ရာသီအစမွာ တာထြက္ဆိုးခဲ့တာေၾကာင့္ သူတို႔ ဒီေနရာကို တက္လာမယ္လို႔ ကြၽန္ေတာ္ မထင္ခဲ့ပါဘူး။ ဒါဟာ အေတာ္ေကာင္းတဲ့ စြမ္းေဆာင္ရည္ပါ။

ဒီပြဲအတြက္ အေနအထားက သိပ္ကို ေကာင္းမြန္ေနပါလိမ့္မယ္။ လိဒ္ဟာ ဒီရာသီမွာ တန္းဆင္းဇုန္ တိုက္ပြဲ ဆင္ႏႊဲသြားရမယ့္ အသင္း ျဖစ္ပါတယ္။ သူတို႔ အေနနဲ႔ ဒီရာသီကို ေကာင္းစြာ ျပန္လည္ စတင္ဖို႔ အတြက္ big win ကို လိုအပ္ေနပါတယ္။ ကြၽန္ေတာ္ကေတာ့ သူတို႔ ဒီပြဲမွာ လုပ္ႏိုင္မယ္လို႔ ျမင္မိပါတယ္။ လိဒ္တို႔ အႏိုင္ရသြားမယ္လို႔ ကြၽန္ေတာ္ ေ႐ြးပါတယ္။” လို႔ အိုဝင္က ဆိုထားပါတယ္။

မိုက္ကယ္အိုဝင္ ခန္႔မွန္းရလဒ္ ကေတာ့ လိဒ္ယူနိုက္တက္ ၂-၁ အာဆင္နယ္ ျဖစ္ပါတယ္။