မန်စီးတီး တိုက်စစ် ကစားသမားနဲ့ မကစားရတာ အတော်ကြာနေပြီလို့ ထုတ်ပြောလာတဲ့ ဂွမ်ဒိုဂန်

မန်စီးတီး ဝါရင့် ကွင်းလယ်သမား ဂွမ်ဒိုဂန် ကတော့ ပစ်မှတ်ကစားသမား ဟားလန်းဟာ မန်းစီးတီးမှာ အောင်မြင်လိမ့်မယ် လို့ ယုံကြည်နေပေမဲ့ တိုက်စစ်မှူး သိပ်မသုံးတဲ့ မန်းစီးတီးကို သတိပေးစကား ဆိုလိုက်ပါတယ်။

ဒေါ့မွန်ကနေ ဟာလန်းကို ဝယ်ယူဖို့ မန်းစီးတီးက အဓိက ရေပန်းစား နာမည်ကြီးနေတာဖြစ်ပေမဲ့ လာလီဂါ ထိပ်သီးတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာ ကလည်း အပြိုင် ဝင်ရောက် ကြိုးစားနေပါတယ်။

မန်စီးတီးအနေနဲ့ ဟာလန်း လို တိုက်စစ်မှူးမျိုး သိပ်သုံးလေ့မရှိပေမယ့် အသက် ၂၁ နှစ် အရွယ် ဒီကစားသမားဟာ နည်းပြ ဂွာဒီယိုလာနဲ့အဆင်ပြေလိမ့်မယ်လို့ ဂမ်ဒိုဂန်က ယုံကြည်နေတာပါ။

“ဟာလန်းဟာ ထိပ်တန်းအသင်းတိုင်းနဲ့ သင့်လျော်တဲ့ အရည်အသွေးရှိပါတယ်”လို့ ဂွမ်ဒိုဂန် က ဆိုပါတယ်။

မန်စီးတီးအနေနဲ့ အလယ်တန်း တိုက်စစ်မှူး တစ်ယောက် သုံးသင့်ကြောင့်ကိုလည်း “ကျွန်တော်တို့တွေ တိုက်စစ် ကစားသမားနဲ့ မကစားရတာ တော်တော်ကြာပါပြီ” လို့ ဒီ ဂျာမနီလက်ရွေးစင်က ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။

မန်းစီးတီးဟာ ရှေ့တန်း တိုက်စစ်သုံးယောက်နဲ့ ဆော့ရတဲ့ပုံစံကို သဘောကျပြီး ထို တိုက်စစ်သုံးယောက်ရဲ့အလယ်မှာ ဂွာဒီယိုလာ ကတော့ ကွင်းလယ်ကစားသမား တစ်ယောက် ထည့်သွင်း ကစားလေ့ရှိတာပါ။

လတ်တလောမှာတော့ ဖိုဒန်ဟာ ဒီနေရာကို ယူထားတာဆိုပေမယ့် ဂရီးရယ်လစ်ရှ်နဲ့ ဆေးဗားတို့လည်း ဒီနေရာကို ယူနိုင်မယ်လို့ ယုံကြည်ရပါတယ်။

ဟားလန်ဟာ ဒေါ့မွန်နဲ့နော်ဝေအတွက် တိုက်စစ်မှူး စစ်စစ်လည်းဖြစ်ပါတယ်။ ဒီကစားသမားဟာ ဥရောပ ထိပ်သီး အသင်းတွေ စိတ်ဝင်စားလောက်အောင် ပြိုင်ပွဲအစုံမှာ ၂၃ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

မန်စီးတီးက ဟာလန်းကို တစ်ပတ် လုပ်ခ ပေါင် ၅ သိန်းနဲ့ မက်လောက်ဖွယ် ကမ်းလှမ်းထားသော်လည်း ကစားသမား ဘက်က လက်မခံသေးဘူးလို့လည်း သတင်းထွက်နေပါတယ်။