အတွေ့ချင်ဆုံးကတော့ မန်ယူအသင်း ပါ ဆိုတဲ့ ဂိုးသွင်းချင်လှသူကြီး ဟာလန်းရဲ့ နှုတ်ခွန်းဆက် စကား
မန်စီးတီးအသင်းဟာ ဒီနွေ သူတို့ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို မိတ်ဆက်ပေးတဲ့ အခမ်းအနား မှာ မန်စီးတီး တိုက်စစ်မှုးသစ် ဟာလန်းက စီးတီး ပရိသတ်တွေ သဘောခွေ့သွားစေမယ့် အဖြေ မျိုးနဲ့ ရာသီကြိုမှာ သွေးနွှေးပေးလိုက်ပြီ ဖြစ်ပါတယ်။
လာမယ့် ဘောလုံးရာသီမှာ ဘယ်အသင်းနဲ့ အတွေ့ချင်ဆုံးလဲ၊ အရင်ဆိုင်ချင်ဆုံးလဲ လို့ ထိုမိတ်ဆက်ပွဲမှာ ဟာလန်းက မေးခွန်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နော်ဝေသား တိုက်စစ်မှုးဟာ တစ်စက္ကန့်လောက်တောင် တုန့်ဆိုင်းမနေဘဲ အခုလို အဖြေပေးခဲ့တာ ဖြစ်ပါတယ်။

” ကျနော်တော့ ဘယ်အသင်းလဲ ဆိုပြီး စကားလုံးနဲ့ တည့် မပြောချင်လှပါဘူး။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ပါ။ ” လို့ ဟာလန်းက ပွင့်ပွင့်လင်းလင်းပဲ တည့်တိုး ဖြေဆိုသွားခဲ့တာပါ။
ဟာလန်းရဲ့ ပြတ်သားတဲ့ အဖြေကို ကြားချိန်မှာတော့ မန်စီးတီး ပရိသတ်တွေဟာ လုံးဝ သဘောကျသွားခဲ့ပြီး ဝမ်းသာ အားရစွာနဲ့ ” စီးတီး၊ စီးတီး၊ စီးတီး” လို့ သံပြိုင် ပြန်အော်ဟစ် တုန့်ပြန်ခဲ့ကြပါတယ်။
အသက် ၂၁နှစ် အရွယ် တိုက်စစ်မှုး ဟာလန်းဟာ မန်စီးတီးသို့ ဒီနွေ မပြောင်းလာခင်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အလေးအနက် ချိတ်ဆက်ခြင်းလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် ဟာလန်းကတော့ သူ့ဖခင် ကစားခဲ့တဲ့ အသင်းဟောင်း ဖြစ်တဲ့ မန်စီးတီး ကိုပဲ ရွေးချယ်ခဲ့တာပါ။

အင်္ဂလန်မှာ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ရမှာနဲ့ ပတ်သက်လို့လည်း စောင့်မျှော်နေကြောင်း ဟာလန်းက ဆက်လက် ပြောဆိုခဲ့ပါသေးတယ်။
“ ရာသီသစ်ကို ကျနော် စောင့်မျှော်နေပါတယ်။ ကျနော်တို့တွေ အချိန်ကောင်းကို အတူတကွ ပိုင်ဆိုင်ကြမှာပါ။ ဒီရာသီ အတွက် မျှော်လင့်ချက်က အသင်းနဲ့ ပူးပေါင်းပြီး လူတိုင်းနဲ့ ဆက်နွယ်မှုကောင်းတွေ လုပ်ဖို့ဖြစ်ပါတယ်။ နောက်ပြီး ပျော်ရွှင်ဖို့ပေါ့။ ကျနော်က ပျော်လာပြီဆိုရင် ဂိုးတွေ သွင်းတော့တာပါပဲ ” လို့ ဟာလန်းက ဆိုခဲ့ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန် အတွက် ပြိုင်ပွဲစုံ ၂၉ ဂိုး ထိ သွင်းယူပေးခဲ့ပါတယ်။
