မန်စီးတီး ကစားသမားဘဝ အစမှာတင် ဂွာဒီယိုလာ စိတ်ကြိုက်ပုံစံ အချိုးပြောင်းသွားတဲ့ ဟာလန်း
ဟာလန်းဟာ မန်ချက်စတာမှာ သူတို့ အသိအမှတ်ပြုတဲ့ ပတ်ဝန်းကျင်ကြောင့်ပဲ ဝင့်ကြွားမှုတွေနဲ့ ကစားသမားဘဝသစ်ကို အစပျိုးနေပါတယ်။ ဒီလို ဖခင်ဖြစ်တဲ့ စီးတီးကစားသမားဟောင်း အယ်ဖီက ပုံသွင်းပေးခဲ့လို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဟာလန်းက အလုပ်နဲ့ သက်သေပြနေတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ သူ့ရဲ့ မန်စီးတီး ကစားသမားဘဝ ပွဲဦးထွက်မှာ အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက် သူဟာ ယခင်လိုတော့ ဝင့်ဝင့်ကြွားကြွား ပြောဆိုခဲ့တာမျိုး မရှိပါဘူး။ အဲ့ဒါက ကစားသမားတွေကို နိမ့်ချမှုရှိစေချင်တဲ့ ဂွာဒီယိုလာအတွက် အံကိုက် ဖြစ်ပါလိမ့်မယ်။
“ နောက်ဆုံးနှစ် အနည်းငယ်အတွင်း အသင်းရဲ့ ကစားသမား အုပ်စုက ထူးခြားတာထက် ပိုပါတယ်။ ကြည့်ကြည့်ပါ။ ဒီဘရိုင်းက ကျွန်တော်တို့မှာရှိတဲ့ အရေးကြီးဆုံးသူလို့ ပြောလို့ရတယ်။ သူက အမြဲတမ်း နှိမ့်ချတတ်ပြီး ဟာလန်း ဒီကို ရောက်နေတာကို ပျော်ရွှင်နေတယ်။
ဟာလန်းကလည်း တကယ်ကောင်းခဲ့ပါတယ်။ သူကလည်း နှိမ့်ချတတ်တဲ့ လူကောင်းတစ်ယောက်ပါ” လို့ တိုက်စစ်မှူးသစ်နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက ဆိုခဲ့ပါတယ်။

ဟာလန်းဟာ ဘလွန်းဒီအော စိန်ခေါ်နိုင်မယ့် စီးတီးရဲ့ ပထမဆုံး ကမ္ဘာ့အဆင့် စူပါစတားဖြစ်လာဖို့ ဝိသေသလက္ခဏာအားလုံး ရှိပါတယ်။ ဟာလန်းဟာ သူ့ကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတဲ့ မီဒီယာ မိုက်ခရိုဖုန်း များစွာရှေ့ကို အတင်းဆွဲခေါ်မှ ရောက်လာတာကို မြင်ရတော့ ဂွာဒီယိုလာ တစ်ယောက် ကျေနပ်နေပါလိမ့်မယ်။
၅ မိနစ် စကားပြောဖို့ကို မကျေမနပ် ဖြစ်နေခဲ့တဲ့ ဟာလန်းက “ဒါ ဘယ်လောက်တောင် ကြာမှာလဲ”လို့ မေးတော့ စီးတီးရဲ့ မီဒီယာအရာရှိက “မင်းပြောချင်ရင် ၁၀ မိနစ် လုပ်လိုက်လဲရပါတယ်”လို့ ဖြေပါတယ်။ အနည်းဆုံးတော့ အဲ့ဒါက ဟာလန်းထံက အပြုံးတစ်ပွင့်ကို ရရှိစေခဲ့ပါတယ်။
“ ဘောလုံးမကစားရတာ ၆ ပတ် ကြာပြီးနောက် ပြန်ပြီးကစားခွင့်ရတာ ခံစားချက် ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော် အရင်နှစ်တွေအတွင်း စီးတီးပွဲတွေ အများကြီးကို ကြည့်ခဲ့တယ်။ သူတို့တွေ တိုက်စစ်မှူးမရှိဘဲ ကစားခဲ့တာပါ။ ဒါကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကို စီးတီးရဲ့ တိုက်စစ်မှာ မြင်ယောင်ခဲ့တယ်။

ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တာ မအံ့ဩပါဘူး။ ဒါက ကောင်းပါတယ်။ ၇ ကြိမ်ဆက် ရှုံးနိမ့်ခဲ့တဲ့နောက် ဘိုင်ယန်ကို ပထမဆုံး အနိုင်ဂိုးလို့ ပြောရမယ်။ ဘိုင်ယန်ကို အနိုင်ရတာ ခံစားချက်ကောင်းတယ်။ အရည်အချင်းကလည်း ကောင်းပါတယ်။ တစ်ပတ်အတွင်း လီဗာပူးနဲ့ ကွန်မြူနတီဒိုင်းပွဲ မတိုင်ခင်မှာ တကယ့် စမ်းသပ်မှုတစ်ခု ဖြစ်ခဲ့တယ်။
ကျွန်တော် ဒေါ့မွန်အကြောင်း အများကြီး မပြောချင်ပါဘူး။ ဒါပေမယ့် ဂွာဒီယိုလာက နည်းနည်း ရူးချင်စရာပဲ။ ဒါကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော် ကောင်းကောင်း လေ့ကျင့်ခဲ့ပြီး နောက်လာမယ့်အရာအတွက် အဆင်သင့် ဖြစ်နေပါပြီ” လို့ ဟာလန်းက ဆိုခဲ့တာဖြစ်ပါတယ်။
