မန်စီးတီးကို ဖလားယူပေးတဲ့ ဟီးရိုး မဖြစ်ရခင် နည်းပြ ပက်ကို အမျက်ထွက်ခဲ့ရတဲ့ အကြောင်း ဂန်ဒိုဂမ် ဖွင့်ဟ

ကွင်းလယ် ကစားသမား ဂန်ဒိုဂမ်ဟာ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ သူရဲကောင်းဆန်တဲ့ပုံစံနဲ့ မန်စီးတီး ဖလားရအောင် မကူညီပေးနိုင်ခင် မနှစ်က အက်စ်တွန်ဗီလာနဲ့ ရာသီနောက်ဆုံးပွဲမှာ ပွဲထွက်ခွင့် မရလို့ ဒေါသထွက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

မန်စီးတီးဟာ လီဗာပူးထက် တစ်မှတ်အသာနဲ့ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ဖို့ အဲ့ဒီ့ပွဲကို အနိုင်ရဖို့ လိုအပ်ခဲ့တာနဲ့အတူ ပက်ဂွာဒီယိုလာဟာ ဂန်ဒိုဂမ်ကို အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့ပါတယ်။

၁၄ မိနစ် ကျန်ချိန်မှာ ၂-၀ ဖြစ်နေဆဲ ဖြစ်တာနဲ့အတူ စီးတီးဟာ ၅ နှစ်အတွင်း လေးကြိမ်မြောက် လိဂ်ဖလားနဲ့ လွဲချော်နိုင်ခြေ ရှိခဲ့ပေမယ့် ဂန်ဒိုဂမ်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ရိုဒရီရဲ့ သွင်းဂိုး ၁ ဂိုးကတော့ မမေ့နိုင်စရာ အလှည့်အပြောင်း ဖြစ်စေခဲ့တာပါ။

“ကျွန်တော်တို့အားလုံး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တယ်။ အားလုံးက ကစားခွင့်ရချင်တယ်။ နောက်ဆုံးပွဲမတိုင်ခင် ရက်သတ္တပတ်က ဝက်စ်ဟမ်းနဲ့ပဲမှာ ကျွန်တော် ပွဲမထွက်ခဲ့ရတာကြောင့် နောက်ဆုံးပွဲမှာ ပွဲထွက်ရဖို့ ယုံကြည်မှုရှိခဲ့တယ်။ ဒါပေမယ့် ပွဲထွက်ခွင့်မရဘူးဆိုတာ သိလိုက်ရတော့ ကျွန်တော် စိတ်ပျက်ပြီး ဒေါသဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော် အာရုံစိုက်ပြီးတော့ ကစားရတဲ့ သူတွေကို အားပေးဖို့ ကြိုးစားခဲ့ဆဲပါ။ ကျွန်တော့်ရဲ့ စိတ်ပျက်မှုတွေကို ပွဲထဲမှာ ပေါက်ကွဲ ခဲ့တယ် ထင်ပါတယ်။ ကျွန်တော် လူစားဝင်ရတဲ့အချိန်မှာ ဘာမှမပြောင်းလဲသေးဘူး။ ကျွန်တော်တို့ ဒုတိယဂိုး ပေးလိုက်ရတယ်။

အမှန်အတိုင်းပြောရရင် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်အနေနဲ့ အမြဲတမ်း အကောင်းဆုံးလုပ်ဖို့ ကြိုးစားတယ်။ ကျွန်တော်တို့ ပထမဆုံးဂိုးကို သွင်းယူခဲ့ပြီး ကံကောင်းခဲ့တယ်။

အဲ့ဒီ့နောက် ၁၀ မိနစ်အတွင်း ၃ ဂိုး ရလိုက်တယ်။ အရာအားလုံးက မြန်မြန်ဆန်ဆန်ပဲ ဖြစ်သွားခဲ့တာပါ။ အဲ့ဒါတွေ မြန်မြန် ဖြစ်သွားတာကို ကျွန်တော် ဝေဖန်ပိုင်းခြားဖို့ ခက်ခဲနေတုန်းပဲ”လို့ ဂန်ဒိုဂမ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။