မန်စီးတီး က ပွဲဦးထွက်မှာ ဝက်စ်ဟမ်းကို မနိုင်ဘူး ဆိုတဲ့ ပေါမာဆန်ရဲ့ ပွဲ သုံးသပ် ခန့်မှန်းချက်
ပရီးမီးယားလိဂ် ပြိုင်ပွဲသစ်က ဒီတပတ် စတင်ပြီ ဖြစ်ပါတယ်။ မန်စီးတီးက ပွဲဦးထွက်မှာ ဝက်စ်ဟမ်း ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ကစားကြမယ့် ပွဲချိန်ကတော့ သြဂုတ် ၇ ရက်၊ တနင်္ဂနွေနေ့ ည ၁ဝ နာရီ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဝက်စ်ဟမ်းနဲ့ မန်စီးတီး တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်က ” ဒီပွဲက နှစ်သင်းလုံးအတွက် ခက်ခဲပါလိမ့်မယ်။ မန်စီးတီးက တောင့်တင်းစွာ ဖိအားပေးမှာဖြစ်ပြီး ဒါကပဲ ကောင်တာကစားတဲ့ ဝက်ဟမ်းအတွက် အဆင်ပြေမှာပါ။
ဟာလန်းအကြောင်းပြောဖို့က သိပ်ကို စောလွန်းပါတယ်။ သူက ဒီလိဂ်ကို ပြောင်းလာတဲ့ ၂၇ နှစ်သားလည်း မဟုတ်ဘူး။ နေရာတိုင်းမှာ အဆင်ပြေခဲ့သလို ငယ်ရွယ်သေးတဲ့ တိုက်စစ်သမားဖြစ်ပါတယ်။ ဝက်ဟမ်းက ခံစစ်ကို ပိတ်ကစားမှာပါ။ ဟာလန်းရဲ့ ပါဝါနဲ့ ပြေးနှုန်းက ဒီပွဲမှာ အံ့ဝင်မလား ကျနော် မသေချာပါဘူး။
မန်စီးတီးတို့ ဂိုးရှေ့ တစ်ယောက်ချင်း တွေ့တဲ့ အခြေအနေကနေ နောက်ဆုံး ဂိုးသွင်းခဲ့တာ ဘယ်တုန်းကလဲတောင် မမှတ်မိတော့ပါဘူး။ ဟာလန်းက မန်စီးတီးအတွက် ကစားပေးတာမို့ ပရီးမီးယားလိဂ်မှာ ဂိုးတော့ ရပါလိမ့်မယ်။ ဒါပေမယ့် ဒေါ့မွန်မှာ သွင်းခဲ့တဲ့ သွင်းဂိုးတွေလိုမျိုး ဂိုးတွေတော့ ရမှာ မဟုတ်ပါဘူး။
အဲဗာရက်စ်ကို သဘောကျမိတယ်။ သူက ခြားနားတဲ့ ကစားသမားပဲ။ ပြဿနာက ဘယ်အချိန်မှာ သူကစားရမလဲ? စီးတီးက ပွဲတွေ အများကြီး ကစားရမှာဆိုတော့ သူက အခွင့်အရေး ရပါလိမ့်မယ်။
မနှစ်ကထက်စာရင် မန်စီးတီက အားပျော့သွားတယ် ထင်မိတယ်။ ဂျေးဆုနဲ့ စတာလင်တို့က တစ်ရာသီ ၂၅ ဂိုးလောက် သွင်းနိုင်ပြီး ဟာလန်းနဲ့ အဲဗာရက်စ်တို့ အဲ့လို လုပ်နိုင်မလား ဘယ်သူမှ မသိနိုင်ပါဘူး။ သူတို့ သက်သေပြရဦးမှာပါ။ မနှစ်က စီးတီးက ဘောလုံးပိုင်ထားပေမယ့် ဝက်ဟမ်းက အချိန်တိုင်း ကောင်တာ ကစားခဲ့တယ်။ ဒီပွဲက သရေကျမယ် ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းထားတဲ့ ပွဲရလဒ်ကတော့ ဝက်စ်ဟမ်း ၁-၁ မန်စီးတီး ဖြစ်ပါတယ်။
