West Ham vs Manchester City ပွဲစဉ်အတွက် စကိုင်းစပေါ့ရဲ့ ပွဲကြို ခန့်မှန်းချက်

မန်စီးတီးရဲ့ ချန်ပီယံကာကွယ်ရေး ၂၀၂၂-၂၃ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်ဟာ မနက်ဖြန်ညမှာ စတင်တော့မှာဖြစ်ပါတယ်။

ဒီအပတ် အဖွင့် ပွဲစဉ်အတွက် နာမည်ကျော် ဗြိတိန် ရုပ်သံဌာန Sky Sports မှ ပင်တိုင်ခန့်မှန်းသူ လူးဝစ် ဂျုံးစ်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

West Ham vs Manchester City

ပွဲချိန်။ ။ သြဂုတ် ၇ ရက်၊ တနင်္ဂနွေနေ့ ည ၁ဝ နာရီ

ဘောလုံးပွဲ တစ်ပွဲထဲမှာ မန်စီးတီး ဘယ်အချိန် ဘောလုံးဆုံးရှုံးမလဲ ခန့်မှန်းရတာတောင် အတော် ခက်တဲ့ ကိစ္စ ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီတလော ဈေးကွက်ထဲ ငြိမ်သက်နေပုံအရ ကျနော် သေချာတော့ ပြန်စဉ်းစားရပါမယ်။

မန်စီးတီးကို အနိုင်ယူဖို့ ဆိုရင် ပြိုင်ဘက်က နေရာယူတာ မြန်ဆန် ကောင်းမွန်ပြီး ကစားကွက် အကူးအပြောင်းမှာပါ ပါဝါ ရှိမှ၊ ခံစစ် ကျစ်လစ်ပြီး တည်ကန်ဘောတွေကနေ ခြိမ်းခြောက်နိုင်မှ ဖြစ်ပါမယ်။

ဝက်စ်ဟမ်းက ဒီအချက်တွေကို အကုန် ပြည့်စုံနေခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ဒေးဗစ် မိုယက်စ်နဲ့ အတူ ဘောလုံးရာသီကောင်း ဖြတ်သန်းခဲ့တာ အပြင် ရိုက်စ်နဲ့ ဘိုဝမ်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ဒီ နှစ်ယောက်က မန်စီးတီး ကြယ်ပွင့် ကစားသမားတွေနဲ့ ယှဉ်နိုင်စွမ်း ရှိပါတယ်။ တခု တွေးစရာက ဂွာဒီယိုလာက ကွန်မြူနတီ ဒိုင်းပွဲတုန်းကထက် ဒီပွဲမှာ သူ့ကောင်လေးတွေကို တိုက်စစ် တင် ကစားခိုင်းဖွယ် ရှိတာပါ။

ပြီးခဲ့တဲ့ရာသီ မန်စီးတီးရဲ့ ရှုံးပွဲက တော့တင်ဟမ် စပါးကို ဖေဖော်ဝါရီလထဲမှာ ၃-၂ နဲ့ အရေးနိမ့်ခဲ့တာပါ။ အဝေးကွင်းပွဲ လည်း ဖြစ်ပါတယ်။

စကိုင်းစပေါ့ရဲ့ ခန့်မှန်းရလဒ်။ ။ West Ham 1-2 Manchester City