ဒီအပတ် မန်စီးတီး – ဘုန်းမောက်တို့ ပွဲစဉ် အတွက် ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ စီးတီးဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ ဘုန်းမောက် အသင်းကို အိမ်ကွင်း အီတီဟက်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ ဘုန်းမောက်တို့ဟာ လာမယ့် သြဂုတ် ၁၃ ရက်၊ စနေနေ့၊ ည ၈း၃ဝ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်စီးတီးနဲ့ ဘုန်းမောက်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားခဲ့ပါတယ်။

” ခင်ဗျားတို့ ဘယ်လို ရလဒ်လိုချင်သလဲ? ဘုန်းမောက်က ဗီလာနဲ့ တွေ့တုန်းက ရလဒ်ကောင်း ယူနိုင်ခဲ့တယ်။ ဒီပွဲမှာတော့ ဒါကို ဖျက်ရပါတော့မယ်။ ကျနော် ဘာကို ဆိုလိုလဲ ခင်ဗျားတို့ သိမှာပါ။

ဘုန်းမောက်ကတော့ သူတို့ ကို ရာသီအစ ၂ ပွဲကနေ ၃ မှတ် ပဲ ယူ ဆိုရင်တောင် သူတို့က အတော် ပျော်နေမှာ။

ဟာလန်းက ဝက်စ်ဟမ်းနဲ့ ပွဲမှာ အတော် ကောင်းခဲ့တယ်။ ဒီတပတ် ပရီးမီးယားလိဂ်မှာလည်း သူ ဂိုးသွင်းဦးမှာ သေချာတယ်။ မန်ချက်စတာ စီးတီးက လောလောဆယ် အခြားသော ဂြိုဟ်က အသင်းလို ဖြစ်နေတယ်။

ဒါကို ဘုန်းမောက် နားလည်ရမှာပါ။ သူတို့ အနိုင်ယူခံရမယ်၊ ဒါပေမယ့် ဒါကို ကျော်ဖြတ်သွားရမှာပဲ။ ” လို့ ပေါမာဆန်က သုံးသပ် ထားပါတယ်။

ပေါမာဆန် ခန့်မှန်းထားတဲ့ ပွဲရလဒ် ကတော့ မန်ချက်စတာ စီးတီး ၄-ဝ ဘုန်းမောက် ဖြစ်ပါတယ်။