ဒီကြားရက် မန်စီးတီး – နော့တင်ဟမ်ဖောရက်စ် ပွဲ အတွက် ဂုရုကြီး ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဒီတပတ် ကြားရက်မှာ ကစားကြမယ့် မန်စီးတီးနဲ့ နော့တင်ဟမ် ဖောရက်စ် တို့ ပွဲစဉ် အတွက် သုံးသပ်ခန့်မှန်းထားပြီ ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားကြမှာကတော့ လာမယ့် စက်တင်ဘာလ ၁ ရက်၊ ကြာသပတေးနေ့၊ နံနက် ၁ နာရီ၊ စီးတီးတို့ရဲ့ အီတီဟက် ကွင်းမှာပါ။
ပေါမာဆန် က – ” ဒီပွဲ ဂိုးရလဒ် ဘယ်လောက်ဖြစ်မလဲ မသိတော့ဘူး။ ဒီပွဲအတွက် ဂိုးဘယ်လောက် လိုချင်လဲ? မန်စီးတီး အကြောင်း သိပ်ကို ပြောစရာ မရှိပါဘူး။ ဒီပွဲကို သူတို့ သက်သောင့်သက်သာနဲ့ အနိုင်ရမှာပါ။ ဖောရက်စ် အတွက်က စပါးကို ရင်ဆိုင်ပြီး ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် နောက်ဆုံးမှာ အရေးနိမ့်ခဲ့တာက စိုးရိမ်စရာပါ။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒင်းဟန်ဒါဆန်က အခြားသော ဂိုးသမားတွေထက် ကာကွယ်မှု ပိုလုပ်ထားရတယ်။ အပြောင်းအရွှေ့မှာ ဖောရက်စ် လက်မှတ်ထိုးထားတာတွေက အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေ ခပ်မြန်မြန် အထိုင်ကျဖို့နဲ့ အကောင်းဆုံး လူစာရင်း ရှာဖွေဖို့ကို နည်းပြက ကြိုးစားရဦးမှာပါ။

ပရီးမီးယားလိဂ်မှာတော့ ဟာလန်းက ရေထဲကျသွားတဲ့ ငါးလိုပါပဲ။ လက်တလောမှာ သွင်းဂိုး ၆ ဂိုး ရထားပေမယ့် ရယ်စရာက သူက ဘောလုံးထိချက် ၃၅ ကြိမ်လောက်ပဲ ရှိထားတာပါ။
ဒီ အနေအထားနဲ့ ဆို အကယ်လို့ သူ ဒဏ်ရာ ရရင်တောင် ရွှေဖိနပ်ဆုကို အနိုင်ရမယ်လို့ ပြောနိုင်ပါတယ်။ သူ့ရဲ့ မန်စီးတီး ကစားသမားဘဝ အစကောင်းနေပါတယ်။ ” လို့ သုံးသပ် ဟောကိန်းထုတ်ထားပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်စီးတီး ၅-ဝ နော့တင်ဟမ် ဖောရက်စ် ဖြစ်ပါတယ်။
