ဟာလန်းက မန်စီးတီး အသင်းသမိုင်းမှာ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်လာမယ်လို့ ပက် ချီးကျူး

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက အသင်းရဲ့တိုက်စစ်မှူးဟာလန်းက မန်စီးတီး သမိုင်းတလျှောက် ထာဝရ အကောင်းဆုံး ကစားသမားဖြစ်လာလိမ့်မယ်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။

ဟာလန်းဟာ မနေ့ညက နော်တင်ဟမ်ဖောရက်စ်ကို ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် နောက်ဆုံးနှစ်ပွဲဆက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဟာလန်းအနေနဲ့ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ဟက်ထရစ်ရရှိခဲ့တာပါ။ အဆိုပါ နော်ဝေကြယ်ပွင့်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲ (၅) ပွဲကစားပြီးချိန်မှာ သွင်းဂိုး (၉) ဂိုးအထိရှိနေခဲ့ပါတယ်။

ဟာလန်းနဲ့ပတ်သက်လို့ ဂွါဒီယိုလာက “အဂွေရိုက ဂန္တဝင်တယောက်ပါ။ မန်စီးတီးပရိသတ်တွေရဲ့ အသည်းနှလုံးထဲက သူ့နေရာကို ဘယ်သူမှ မဖျက်ဆီးနိုင်ပါဘူး။ ခေတ်သစ်တခုမှာ သူက အရေးပါဆုံးဂိုးကို သွင်းယူပေးခဲ့သူပါ”

“ဟာလန်းကလည်း ဒီနေရာကို ရောက်လာဖို့ အခွင့်အရေးရှိပါတယ်။ သူမို့လို့ အဂွေရိုမို့လို့ မဟုတ်ပါဘူး။ အဂွေရိုလုပ်ခဲ့တာတွေက အံ့အားသင့်စရာတွေပါ။ ဒါပေမယ့် ဟာလန်းမှာလည်း ဒါမျိုး အရည်အသွေးရှိပါတယ်”

“မန်စီးတီးက ဟာလန်းကိုခေါ်တဲ့အချိန်မှာ လူတိုင်းက သူအတိတ်မှာ လုပ်ခဲ့တဲ့အရာတွေအကြောင်း ပြောပါတယ်။ ကျနော်တို့ လိုချင်တာက ဟာလန်းကို ကူညီဖို့ပါ။ သူပျော်ဖို့၊ ဂိုးတွေ ပိုမိုသွင်းနိုင်ဖို့ပါ”

“နော်ဝေ၊ သြစတြီးယား၊ ဂျာမနီတို့မှာလည်း သူက ဒါမျိုး လုပ်ပြခဲ့ပြီး သူ့မှာ အရည်အသွေးရှိတာကို ကျနော်တို့လည်း သိခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Zawgyi

မန္စီးတီး နည္းျပ ပက္ ဂြါဒီယိုလာက အသင္းရဲ႕တိုက္စစ္မႉးဟာလန္းက မန္စီးတီး သမိုင္းတေလွ်ာက္ ထာဝရ အေကာင္းဆုံး ကစားသမားျဖစ္လာလိမ့္မယ္လို႔ ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။

ဟာလန္းဟာ မေန႔ညက ေနာ္တင္ဟမ္ေဖာရက္စ္ကို ေျခာက္ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။ ဒါဟာ သူ႔အတြက္ ေနာက္ဆုံးႏွစ္ပြဲဆက္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဟာလန္းအေနနဲ႔ ဒီပြဲမတိုင္ခင္ ကစားခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာလည္း ဟက္ထရစ္ရရွိခဲ့တာပါ။ အဆိုပါ ေနာ္ေဝၾကယ္ပြင့္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ အဖြင့္ပြဲ (၅) ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုး (၉) ဂိုးအထိရွိေနခဲ့ပါတယ္။

ဟာလန္းနဲ႔ပတ္သက္လို႔ ဂြါဒီယိုလာက “အေဂြ႐ိုက ဂႏၲဝင္တေယာက္ပါ။ မန္စီးတီးပရိသတ္ေတြရဲ႕ အသည္းႏွလုံးထဲက သူ႔ေနရာကို ဘယ္သူမွ မဖ်က္ဆီးႏိုင္ပါဘူး။ ေခတ္သစ္တခုမွာ သူက အေရးပါဆုံးဂိုးကို သြင္းယူေပးခဲ့သူပါ”

“ဟာလန္းကလည္း ဒီေနရာကို ေရာက္လာဖို႔ အခြင့္အေရးရွိပါတယ္။ သူမို႔လို႔ အေဂြ႐ိုမို႔လို႔ မဟုတ္ပါဘူး။ အေဂြ႐ိုလုပ္ခဲ့တာေတြက အံ့အားသင့္စရာေတြပါ။ ဒါေပမယ့္ ဟာလန္းမွာလည္း ဒါမ်ိဳး အရည္အေသြးရွိပါတယ္”

“မန္စီးတီးက ဟာလန္းကိုေခၚတဲ့အခ်ိန္မွာ လူတိုင္းက သူအတိတ္မွာ လုပ္ခဲ့တဲ့အရာေတြအေၾကာင္း ေျပာပါတယ္။ က်ေနာ္တို႔ လိုခ်င္တာက ဟာလန္းကို ကူညီဖို႔ပါ။ သူေပ်ာ္ဖို႔၊ ဂိုးေတြ ပိုမိုသြင္းႏိုင္ဖို႔ပါ”

“ေနာ္ေဝ၊ ၾသစႀတီးယား၊ ဂ်ာမနီတို႔မွာလည္း သူက ဒါမ်ိဳး လုပ္ျပခဲ့ၿပီး သူ႔မွာ အရည္အေသြးရွိတာကို က်ေနာ္တို႔လည္း သိခဲ့ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။