သုံးသပ်ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ဒီည ဗီလာ – မန်စီးတီးပွဲ အတွက် ဟောကိန်း ထုတ်မှု

အက်စတွန်ဗီလာနဲ့ မန်ချက်စတာ စီးတီး အသင်းတို့ ပွဲစဉ်က ဒီနေ့ စက်တင်ဘာ ၃ ရက်၊ စနေနေ့၊ ည ၁၁ နာရီ၊ ဗီလာပါ့ခ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲ သုံးသပ်ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဗီလာနဲ့ မန်စီးတီး တို့ ပွဲစဉ်အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲအတွက် စတီဗင် ဂျရတ်ကတော့ ဇောချွေးပြန်နေလောက်ပါပြီ။ ဒီပွဲပြီးရင် သူ အထုတ်မခံရဖို့ မျှော်လင့်နေမှာပါ။ သူ့ အပေါ် အတော်ကြီးတဲ့ ဖိအားတွေက ရှိနေပြီ။ ဒါကို ဘေးလူတွေတောင် မြင်သာပါတယ်။ ပရိသတ်တွေက ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာကို အခုထက် ပို မျှော်လင့်ထားခဲ့တာ။

သူတို့အတွက် ကျနော် စိုးရိမ်မိပါတယ်။ ပွဲရလဒ် ဘယ်လောက်ထိ ဖြစ်မလဲနဲ့ ဂျရတ် အတော် အခြေအနေ ဆိုးမသွားဖို့ပဲ မျှော်လင့်တယ်။

အာလင်း ဟာလန်းကတော့ တကယ့် ကစားသမားပဲ။ ဖောရက်စ်နဲ့ ပွဲမှာ သူ ဘောလုံးထိချက် အများကြီးတောင် မရှိလိုက်ဘူး ထင်တယ်။

မန်ချက်စတာ စီးတီးက ဘောလုံးရာသီရဲ့ အရေးကြီး အဆုံးအဖြတ် ကာလတွေ ရောက်လာရင် ဟာလန်းကို ပရီးမီးယားလိဂ် ပွဲတွေတိုင်း ထည့် ကစားမယ် မထင်ဘူး။ ဒါဆိုရင် သူ ပရီးမီးယားလိဂ်မှာ စံချိန်တွေ တင်ဖို့ ခက်ပါလိမ့်မယ်။

သူက ခေတ်ဟောင်း စတိုင် အထောင် တိုက်စစ်မှုးကောင်းပါ၊ အခုထိလည်း ထူးထူးချွန်ချွန် လုပ်ပြထားတယ်။ မန်စီးတီးက ခံစစ်မှာ အားနည်းချက်တွေ ရှိနေဆဲပါ။ ဒါကို ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ မြင်ခဲ့ရတယ်။ သူတို့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲချင်ရင် ဒါကို ပြင်ဆင်မှ ဖြစ်မှာပါ။ ဒီပွဲကတော့ မန်ချက်စတာ စီးတီး အနိုင်ကလွဲပြီး တခြား မမြင်ပါဘူး။ ” လို့ ပေါမာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ အက်စတွန်ဗီလာ ဝ-၃ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။