မန်ချက်စတာ နှစ်သင်းရဲ့ ကွာလှတဲ့ အဆင့်အတန်းကို မီးမောင်းထိုးပြခဲ့တဲ့ စူပါဆန်းဒေးည မန်ချက်စတာဒါဘီပွဲ
မန်စီးတီးကတော့ စူပါဆန်းဒေးည မန်ချက်စတာ ဒါဘီပွဲကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရာ မန်ယူအသင်းဘက် ဂိုးမိုးရွာပြီး အနိုင်ယူခဲ့ပါတယ်။
မန်စီးတီးဟာ ဒီပွဲမှာ သူတို့ရဲ့ ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်နဲ့ ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာ ဖိုဒန်၊ ဟာလန်း၊ ဂရီးလစ်ရှ်တို့ကို တွဲပေးခဲ့ကာ ကွင်းလယ်မှာတော့ ဒီဘရိုင်း၊ ဂန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားတို့ကို အသုံးပြုခဲ့ပါတယ်။ နောက်တန်းမှာ ဝေါ်လ်ကာ၊ အကန်ဂျီ၊ အကီ၊ ကန်ဆယ်လိုတို့ကို ကစားစေခဲ့တာပါ။
မန်ယူက ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ရက်ဖို့ဒ်၊ ဆန်ချို၊ ဖာနန်ဒက်စ်၊ အန်တိုနေးတို့ကို တွဲပေးခဲ့ပါတယ်။ကွင်းလယ်မှာ အဲရစ်ဆစ်၊ တွန်မီနေးတို့ကို အသုံးပြုခဲ့ကာ နောက်တန်းမှာ မာလာစီယာ၊ မာတီနက်ဇ်၊ ဗာရန်း၊ ဒါလော့တို့ကို ပွဲထုတ်ခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဇောင်းထနေတဲ့ မန်ယူကို အပီသိပ်ပစ်မယ်ဆိုတဲ့ အထာမျိုးရှိနေလို့လားမသိ။ ပွဲအစကတည်း မန်ယူကိုလုံးဝအညှာအတာ ကင်းမဲ့ခဲ့တာမျိုးပါ။ ဗိုလ်လုပွဲတစ်ပွဲလို၊ ဘဝရဲ့ နောက်ဆုံးပွဲတစ်ပွဲလို မန်စီးတီးက မညှာမတာ မနားတမ်း ဖိအားပေးကစားခဲ့တာ ဖြစ်ပတယ်။ မန်စီးတီးရဲ့ တိုက်စစ်လိုင်းလှုံးအောက်မှာ မန်ယူတို့တစ်ပွဲလုံး နစ်မြှုုပ်နေခဲ့ပြီး မန်စီးတီးကို ဘာဆိုဘာမှ မတုံ့ပြန်နိုင်ခဲ့ပါဘူး။

မန်စီးတီးဘက်မှာ ဒီဘရိုင်း၊ဖိုဒန်၊ ဟာလန်းတို့ရဲ့ တိုက်စစ်တွဲလုံးတွေက ရူးသွပ်လောက်စရာကောင်းလွန်းပြီး မန်ယူ နောက်တန်း အရူးလိုဖြစ်နေခဲ့ရပါတယ်။ မန်ယူကွင်းလယ်က အဲရစ်ဆင်၊ တွမ်မီနေးတို့ကလည်း မန်စီးတီး ကွင်းလယ်နဲ့ယှဉ်တော့ ကလေးသာသာ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် မန်စီးတီးရဲ့ အချိက်အဆက်တွေက ကောင်းမွန်လွန်းခဲ့ပြီး မန်ယူကို ကလေးသာသာ အသင်းလို သဘောထားခဲ့တာပါ။
ပွဲအစ ၇ မိနစ်မှာကတည်းက မန်စီးတီးတို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဘာနာဒိုဆေးလ်ဗားရဲ့ တိကျတဲ့ ဖြတ်တင်ပေးပို့မှုကို ဖိုဒန်က အပိုင်ပိတ်သွင်းယူခဲ့တာပါ။ ဦးဆောင်ဂိုး စောစောစီးစီး ရရှိခဲ့ပြီးနောက် မန်စီးတီးတို့ ကစားပုံယုံကြည်မှု ပိုတက်သွားပြီး မန်ယူကို စိတ်ကြိုက်ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

မန်ယူအနေနဲ့ ဒီပွဲမှာ မန်စီးတီးပြုသမျှ နုနေခဲ့ရပြီး ဘာဆိုဘာမှ တုံ့ပြနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီ့ပွဲမှာ မန်စီးတီးရဲ့ တိုက်စစ်ဆင်မှုတွေက တစ်ချက်ဆို တစ်ချက် ဆိုသလောက် ထိရောက်ခဲ့ပြီး ဂိုးတွေရခဲ့ပါတယ် ။ ၃၄ မိနစ်နဲ့ ၃၇မိနစ်တွေမှာ ဒီဘရိုင်းရဲ့ လှပလွန်းတဲ့ ဖန်တီးမှုနှစ်ကြိမ်ကို ဟာလန်းက ဆက်တိုက်အဆုံးသတ်ပြီး မန်စီးတီးအတွက် ဂိုးတွေသွင်းယူခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးမှာတော့ ဟာလန်းရဲ့ တိကျတဲ့ေ ပးပို့မှုကနေ ဖိုဒန်က ပိတ်သွင်းခဲံလို့ ပထမပိုင်းအပြီးမှာ မန်စီးတီးက ၄ ဂိုးပြတ် ဦးဆောင်နေခဲ့ပါတ်ယ။ ဒုတိယပိုင်းမှာ ဂိုးပြတ်နိုင်ထားတဲံ မန်စီးတီးက တိုက်စစ်အားအနည်းငယ် လျှော့ချခဲ့ပြီး ပွဲကိုထိန်းချုပ်နိုင်ဖို့ ပ ိုမိုဦးစားပေးခဲ့ပါတယ်။
ဒုတိယပိုင်းစစချင်းမှာ အန်တိုနေးက မန်ယူအတွက်ချေပဂိုးသွင်းယူပေးခဲ့ပြီး ၆၄ မိနစ်မှာ ဟာလန်းနဲ့ ၇၃ မိနစ်တို့မှာ ဖိုဒန်တို့က မန်စီးတီးအတွက် ဂိုးတွေဆက်သွင်းပေးခဲ့ကြပါတယ်။ ဒီဂိုးတွေက ဟာလန်းနဲ့ ဖိုဒန်တို့နှစ်ဦးစလုံး အတွက် ဟက်ထရစ်ဂိုးတွေပါ။ အဲဒီနောက် ၈၄ မိနစ်နဲ့ နာကျင်အချိန်ပိုမှာ မာရှယ်လ်က မန်ယူအတွက် နှစ်သိမ့် ချေပဂိုးနှစ်ဂိုး သွင်းပေးခဲ့ပါတယ်။
